>Nagas in Burma back FNR peace bid

>

အချင်းချင်းတိုက်နေသော နာဂများ ပြန်စည်းလုံးရေး အိန္ဒိယ-မြန်မာနယ်စပ်တွင် ဆွေးနွေး
timesofindia.indiatimes.com
သြဂုတ် ၁၊ ၂၀၁၁

ပွဲတော်တခုတွင် ရိုးရာဝတ်စုံများ ရိုးရာလက်နက်များနှင့် တွေ့ရသည့် အိန္ဒိယမြန်မာနယ်စပ်မှ နာဂတိုင်းရင်းသားတချို့။ (ဓာတ်ပုံ – f welman)


အချင်းချင်းတိုက်နေသော နာဂအဖွဲ့များ ပြန်လည် စည်းလုံးရေးအတွက် မြန်မာပြည်မှ နာဂများနှင့် Forum for Naga Reconciliation (FNR) ခေါ် နာဂ အမျိုးသား ပြန်လည်သင့်မြတ်ရေး အဖွဲ့ က ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်သည်။

သောကြာနေ့က အဆုံးသတ်ခဲ့သည့် ၃ ရက်ကြာ နာဂညီလာခံတွင် နာဂကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ခ ခေါင်းဆောင်များ တက်ရောက်ပြီး သဘောတူလိုက်ခြင်း ဖြစ်သည်။

ပြဿနာများကို အကြမ်းမဖက်ဘဲ၊ အပြန်အလှန်လေးစားမှုဖြင့် ဖြေရှင်းကြရန် ညီလာခံတွင် တိုက်တွန်းကြသည်။

FNR သည် နာဂအုပ်စုများအကြား ညှိနှိုင်းပေးနေသော အဖွဲ့ဖြစ်သည်။

၂၀၀၉ ဇွန်လကလည်း နာဂအမျိုးသားပြန်လည်သင့်မြတ်ရေးကို သဘောတူ လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts