>Second Burmese admits killing for Regime in the past

>

ထူးထူးဟန်ပြီးတော့ နောက်တယောက် မြန်မာစစ်လက်ကိုင်တုတ်အဖြစ် ၀န်ခံပြန်ပြီ
Singleton Argus. Australia, Macau Daily Times
ဇူလိုင် ၂၅၊ ၂၀၁၁
သြစတြေးလျရောက် နိုင်ငံရေးဒုက္ခသည် နောက်တဦးကလည်း မြန်မာစစ်အစိုးရလက်ကိုင်တုတ်အဖြစ် လူသတ်ခဲ့သူဖြစ်ကြောင်း ၀န်ခံလိုက်ပြန်ပါတယ်။  စစ်အစိုးရသတင်းပေးအဖြစ် ကရင်တိုင်းရင်းသားတွေကို သတ်ဖြတ်တဲ့နေရာမှာ ဆောင်ရွက်ခဲ့တယ်။ သတ်ခဲ့သူ ၄၀၊ ၅၀ လောက်ရှိတယ်လို့ မနေ့က ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်ခန့်က သြစတြေးလျနိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာဒုက္ခသည် ထူးထူးဟန်က ၁၉၈၈ အရေးအခင်းကာလ ရန်ကုန်မှာ ထောက်လှမ်းရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့စဉ် ကျောင်းသားခေါင်းဆောင်အဖြစ် ဟန်ဆောင်ပြီး သူလျိုလုပ်၊ တန်ပြန်သပိတ်ဖြိုခွဲရေးတွေ လုပ်ခဲ့ရုံသာမက ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ၁၀၀ ကျော် ကို သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။
သူတို့တတွေက အခုလိုမျိုး ဖုံးကွယ်ပြီး မနေနိုင်တော့လို့ သူတို့အပြစ်ကို မီဒီယာတွေကနေ ၀န်ခံထုတ်ဖော်တာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒုတိယမြောက် ထုတ်ဖော်သူက ကရင်လူမျိုးဖြစ်ပြီး သူအဲသည်လူသတ်မှုတွေကို ကျူးလွန်စဉ်က ၁၉၈၄ -၁၉၈၇ ကာလ ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်သားအဖြစ် ဆောင်ရွက်နေတုန်းက လို့ ဆိုပါတယ်။ စစ်အစိုးရက ငွေကြေးနဲ့ အာဏာတွေနှင့် မြူဆွယ်လို့ စစ်အစိုးရလက်ကိုင်တုတ်အဖြစ် ဘက်ကူးပြောင်းလိုက်တယ်လို့ ၀န်ခံလိုက်ပါတယ်။ သူ့အမည်က မွန်းရှား (Moon Hsar) လို့ ခေါ်ပြီး အသက် ၄၄ နှစ် ရှိပြီလို့ သိရပါတယ်။ ပထမ၀န်ခံသူ ထူးထူးဟန်နဲ့ အသက်ချင်း မတိမ်းမယိမ်း ဖြစ်ပါတယ်။ ကရင်တွေ အချင်းချင်း သွေးကွဲအောင် သတင်းမှားတွေ ဖြန့်တာ၊ အချင်းချင်း အထင်လွဲအောင် လုပ်တာ၊ အပြစ်မဲ့သူတွေကို အပြစ်ရှိအောင် လုပ်ကြံဖန်တီးတာတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်အစိုးရထံကို သတင်းပေးရာမှာ တိရစ္ဆာန်ကုန်သည်ဟန်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့လက်ချက်ကြောင့် လူ ၅၀ လောက် အသတ်ခံရတယ်။ ဒါတွေဟာ သူ့ကိုယ်တိုင် သတ်သလို ခံစားရတယ်လို့ ၀န်ခံထားပါတယ်။
သူက ကရင်လူမျူိးတွေကို မြန်မာစစ်တပ်က သတ်ဖြတ်မှုတွေ မုဒိန်းကျင့်တာတွေ လုပ်နေတာကို ကိုယ်တိုင်မြင်ပြီးနောက် စစ်တပ်သူလျို ဆက်မလုပ်ဖြစ်တော့ဘူး၊ ရပ်ဆိုင်းလိုက်တယ်။ ၁၉၉၈ မှာ ကရင်ဒုက္ခသည်စခန်းကနေ သြစတြေးလျကို ပြောင်းလာတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က နိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်တယ်လို့ ဆိုပါတယ်။ ထူးထူးဟန်သတင်းဖတ်ပြီးနောက် သူလည်း ထုတ်ဖော်ဝန်ခံတယ်လို့ ပြောပါတယ်။
သြစတြေးလျ တရားသူကြီးချူပ် Robert McClelland က ယခင်ပတ်က ထူးထူးဟန်အမှုကို စစ်ဆေးစုံစမ်းဖို့ ညွန်ကြားလိုက်ပြီလို့ သိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts