>Overseas News,

>

နယူးယောက်ပြည်နယ်က အဋ္ဌမအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ
မိုးမခ
ဇူလိုင် ၂၀၊ ၂၀၁

အဋ္ဌမအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ သန္တိသုခဘုန်းတော ကြီးကျောင်းတွင် ဇူလိုင် (၁၇)၊ ၂၀၁၁ နေ့ တွင်ကျင်းပရာ ယူတီကာ၊ အီသကာစသောအနီးပတ်ဝန်းကျင်မြို့များ မှာ ဒကာဒကာမ (၅၀) ကျော် တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာဆရာတော် အရှင်ပညာနန္ဒထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြပါသည်။

ဆက်လက်၍ ဆရာတော်မှတရားဓမ္မဟောကြားရာတွင် မြတ်စွာဘုရား စရိယ သုံးပါးဖြည့်ကျင့်ပုံအကြောင်းကို အကျယ်ဟောကြားတော်မူပြီး မြန်မာပြည်တွင်းတွင် လိုအပ်နေသော ပညာရေး၊ ကျန်းမာရေး စသည့်အခန်းက ဏ္ဍများကို မမေ့လျော့ဘဲ တတ်စွမ်းသမျှ ကူညီထောက်ပံ့ကြရန် မိန့်ကြားကြောင်း သတင်းရရှိပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts