>July 15th, 2011, Q & A with Suu

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဇူလိုင် ၁၅၊ ၂၀၁၁ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်
မေးသူ ။ ။ နော်အယ်မူး (ဂျပန်နိုင်ငံ)
မေးခွန်း ။ ။ မင်္ဂလာပါအန်တီစုရှင့်။ ကျမနော်အယ်မူးပါ။ ဂျပန်ကပါ။ ကျမသိချင်တာတခု မေးပါရစေ။ အခု မြန်မာနိုင်ငံအတွင်းမှာ ရက်ပေါင်း ၁၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီဖြစ်တဲ့ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ေ ဆာင်ချက်တွေအပေါ် အန်တီစု ဘယ်လိုသုံးသပ်မိပါသလဲရှင့်။ အပြောင်းအလဲဘက်ကို ဦးတည် နေတယ် လို့ မြင်ရပါသလားရှင့်။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
အဖြေ ။ ။ ရက်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်တဲ့ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ဘယ်လောက်အထိ အပြောင်း အလဲဖော်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာကို အခုထိခန့်မှန်းလို့မရသေးပါဘူး။ ရက် ၁၀၀ ဆိုတာ သိပ်ကြာ လှတဲ့ကာလမဟုတ်ပေမယ့် တကယ်လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေလည်းရှိပါတယ်။ အန် တီအနေနဲ့တော့ လုပ်သင့်လုပ်ထိုက်တာတွေကို အမြန်ဆုံးလုပ်တာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ် မယ် လို့ထင်ပါတယ်။ ဒီလိုလည်း လုပ်ကြဖို့တိုက်တွန်းချင်ပါတယ်။
….. ….. …..
မေးသူ ။ ။ ကိုမျိုးဇော် (ဂျပန်နိုင်ငံ)
မေးခွန်း။ ။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ့။ ကျနော် ဂျပန်နိုင်ငံက မျိုးဇော်ဖြစ်ပါ တယ်။ ကျနော်သိချင်တာက ဂျပန်နိုင်ငံက ဒုတိယနိုင်ငံခြားရေးဝန်ကြီးတဦး မြန်မာနိုင်ငံကိုသွားပြီး တော့ ဦးသိန်းစိန် အစိုးရနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတွေ့ဆုံတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အ ခါမှာ ဂျပန်နိုင်ငံရဲ့သဘောထားကို ဘယ်လိုလေ့လာတွေ့ရှိပါသလဲခင်ဗျာ့။ မြန်မာ့ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်သင့်တယ်လို့ ဒေါ်အောင် ဆန်းစုကြည် မြင်ပါသလဲခင်ဗျာ့။
အဖြေ ။ ။ ဂျပန်နိုင်ငံရဲ့အနေအထားဟာ အာရှမှာရော၊ ကမ္ဘာမှာပါ အရေးပါတာကြောင့် တာဝန်သိ စိတ်နဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးမူဝါဒကို သက်မှတ်ဖို့လိုတယ်လို အများကယူဆပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လည်း တာဝန်သိစိတ်၊ ရေရှည်အမြင်တို့နဲ့ မြန်မာပြည်သူအများစုကို အကျိုးပြုမယ့် နိုင်ငံ ရေးစနစ်ပေါ်ထွန်းရေး ကို ထောက်ခံအာပေးသင့်တယ်လို့ အမျိုးသားရေးဒီမိုကရေစီအဖွဲ့ချုပ်က ယုံကြည်ပါတယ်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနအဖွဲ့နဲ့ တွေ့ဆုံတုန်းကလည်း ဒီယုံကြည်ချက်အပေါ် အခြေခံပြီး ဆွေးနွေးခဲ့ပါတယ်။
…. …. ….
မေးသူ ။ ။ ကိုထင်ကျော် (ပြင်သစ်နိုင်ငံ)
မေးခွန်း ။ ။ မင်္ဂလာပါအန်တီစုခင်ဗျာ့။ ကျနော် ထင်ကျော်ပါ။ ပထမကျနော်မေးချင်တဲ့မေးခွန်းကတော့ ပြင် သစ်နိုင်ငံမှာ မြန်မာပြည်ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေတဲ့အဖွဲ့တချို့နဲ့ စိတ်ဝင်စားသူတချို့ ဟာ NLD ရဲ့ ၂၀.၅.၂၀၁၁ ကထုတ်ပြန်တဲ့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ကြေငြာချက်ကို မေးထား တာရှိပါတယ်။ အဲဒီကြေငြာချက်ဟာ NLD ကလုပ်ထားတဲ့ ခရီးသွားလုပ်ငန်း သပိတ်မှောက်ထားတာကို ပြန်လည်ရုပ်သိမ်း လိုက်တာလား။ ဒါမှမဟုတ်လို့ရှိရင် အကန့်အသတ်နဲ့ လက်ခံတာလား။ အကန့်အသတ်နဲ့လက်ခံတာဆိုရင် ဘယ်လိုအကန့်အသတ်တွေနဲ့လက်ခံသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖြေကြားပေးစေလိုပါတယ်။ ဒုတိ ယမေးခွန်းက အဲဒါနဲ့ပဲဆက်စပ်နေပါတယ်။ နိုင်ငံတကာမှာရှိတဲ့ ခရီးသွားအေဂျင်စီတွေအနေနဲ့ ဗိုလ် ချုပ်ကြီးေ တွနဲ့ ၎င်းတို့ရဲ့အကျိုးတူစီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်တဲ့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းေ တွနဲ့ တိုက်ရိုက်စီးပွားရေးလုပ်ဆောင်တဲ့အဆင့်ကို ရောက်သွားပါပြီ။ ဒါ့ကြောင့်မို့ အမေရိကန်နဲ့ဥရောပက အဲဒီဗိုလ်ချုပ်ကြီးများနဲ့ ၎င်းတို့နဲ့ပတ်သက်တဲ့ အကျိုးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့အပေါ်မှာ sanctions ပြု လုပ်ထားတဲ့အပေါ်မှာ NLD ရဲ့ ထုတ် ပြန်ကြေငြာချက်ကြောင့် တစုံတရာအကျိုးသက်ရောက်မှု ရှိ / မရှိဆိုတာ အန်တီစုအနေနဲ့ဖြေကြားပေး စေလိုပါတယ်ခင်ဗျာ။ အန်တီစု ကျန်းမာပါစေ။
အဖြေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့စာတမ်းထဲမှာ ကိုထင်ကျော်မေး ထားတဲ့မေးခွန်းတွေရဲ့ အဖြေတွေပါပြီးဖြစ်ပါတယ်။ ဒီကိစ္စကို စိတ်ဝင်စားတဲ့သူတွေ အသေအချာ သိနားလည်ဖို့ အတွက် စာတမ်းကိုအင်တာနက်ကနေရယူပြီး မိမိကိုယ်တိုင်ဖတ်ဖို့ ပေးလိုက်စေချင်ပါတယ်။ ဝဘ်ဆိုက်လိပ်စာ ကတော့ www.nldburma.org ဖြစ်ပါတယ်။
…. ….. …..
မေးသူ ။ ။ အရှင်နေမိန္ဒ (ထိုင်း-မြန်မာနယ်စပ်)
မေးခွန်း ။ ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်။ နေကောင်းကျန်းမာလား။ ဦးဇင်းကတော့ ထိုင်း-မြန်မာ နယ်စပ်မှာနေတဲ့ အရှင်နေမိန္ဒပါ။ ဒကာမကြီးအခုလက်ရှိ ပြည်တွင်းမှာလှည့်လည်ပြီးတော့ စည်းရုံးရေး ဟေြာေ ပာ ပွဲတွေလုပ်မယ့်အပေါ်မှာ ပြည်တွင်းမှာရှိနေတဲ့ ဒီဦးဇင်းတို့ ရဟန်းသံဃာတွေဘက်ကနေပြီးတော့ ဘယ်လိုမျိုးပံ့ပိုးမှုတွေ လုပ်ပေးရင်ကောင်းမလဲ။ ဒကာမကြီးအနေနဲ့ကော ဒီပြည်တွင်းမှာ လှည့်လည်ပြီးေ တာ့ ဟောပြောစည်းရုံးပွဲတွေလုပ်တဲ့အခါမယ် ပြည်သူလူထုတွေဘက်ကနေပြီး ဘာတွေများ မျှော်လင့်တောင့် တထားသလဲ။ ဦးဇင်းတို့အနေနဲ့ သိချင်ပါတယ်။
အဖြေ ။ ။ တပည့်တော်မနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူလူထုနဲ့ ထိတွေ့ခြင်းနဲ့ ခွဲခြားလို့မရဘူးလို့ ယုံကြည်တဲ့အတွက် ရန်ကုန်ပြင်ပကပြည်သူတွေနဲ့ ထိတွေ့ဖို့စီစဉ် ခြင်းဖြစ်ပါ တယ်ဘုရား။ ဒီလိုပြည်သူတွေနဲ့ တွေ့ဆုံတဲ့နေရာမှာ လူတွေဘယ်လောက်များများ ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ တယ်ဆိုတာ အနှစ် ၂၀ ကျော်အတွင်း တခါမှမတွေ့ကြုံခဲ့ရပါဘူးဘုရာ့။ တပည့်တော်မ တို့ရဲ့ခရီးစဉ်တွေကို ဖျက် လိုဖျက်ဆီး ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း အစီအစဉ်ချပြီး ဝင်လုပ်ခဲ့ တဲ့အဖွဲ့တွေကသာ တည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်တာတွေကို တွေ့ခဲ့ရပါတယ်ဘုရား။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့က အေးအေး ချမ်းချမ်းနဲ့တပည့်တော်မတို့ရဲ့ ကြိုးပမ်းမှုတွေကို အင်တိုက် အားတိုက် ထောက်ခံတတ်ကြောင်းကို ထင်ထင်ရှား ရှားပြသနိုင်ဖို့ သံဃာတော်များက သွန်သင်လမ်း ပြပေးပါမယ့်အကြောင်း ရိုသေလေးစားစွာ လျှောက်ထားအပ်ပါ တယ်ဘုရား။
…. ….. …..
မေးသူ ။ ။ မသစ္စာ (ထိုင်းနိုင်ငံ)
မေးခွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ရှင့်။ ကျမ မသစ္စာပါ။ တလောတုန်းက နေပြည်တော်မှာကျင်းပ သွားတဲ့ ဆင်းရဲသားပပျေက်ရေးဆွေးနွေးတဲ့အခမ်းအနားမှာ စီးပွားရေးပညာရှင် ပါမောက္ခဦးမြင့်က နေပြီးတော့ တင်ပြ သွားတဲ့ ဆင်းရဲသားပပျောက်ရေးစာတမ်းနဲ့ပတ်သက်ပြီးတော့ ဒေါ်စုအနေနဲ့ဘယ်လိုများ ဆွေးနွေးအကြံ ပြုနိုင် မလဲလို့ သိချင်တယ်ရှင့်။ အဲဒါတခုလောက် ရှင်းပြပေးပါနော်။
အဖြေ ။ ။ ဒေါက်တာဦးမြင့်စာတမ်းကို အင်တာနက်မှာ သုံးသပ်ဝေဖန်ချက်တွေပါသလို ဒေါက်တာ ဦးမြင့်က လည်း ပြန်လည်ချေပထားတာတွေရှိပါတယ်။ ဒီလိုပဲ အတွေးအခေါ်အယူအဆ စာတမ်းတွေနဲ့ပတ်သက်လို့ အမြင်အမျိုးမျိုးရှိတတ်ပါတယ်။ ဒေါက်တာဦးမြင့်ရဲ့စာတမ်းက စာမျက်နှာ (၂၀) ကျော်တာမို့ ဒီစာသားနဲ့ပတ် သက်လို့ ဟိုဘက်ဒီဘက်အမြင်တွေဆွေးနွေးရမယ်ဆိုရင် အင်မတန်မှရှည်လျားပါလိမ့်မယ်။ ကျမအမြင်ကို ရိုးရိုး ရှင်းရှင်းပဲပြောရမယ်ဆိုရင်တော့ ဒီလိုသီအိုရီတွေကို လက်တွေ့ကျကျ ဘယ်လောက်လုပ်နိုင်မယ်ဆိုတာကို ကြည့်ရမယ်ထင်ပါတယ်။ တနိုင်ငံလုံးရဲ့ပြဿနာတွေကို လွှမ်း ခြုံပြီးသုံးသပ်ရုံတင်မက ပြုပြင်ဖို့ဆိုတာက စာ တမ်းတခုတည်းနဲ့လည်း လုံလောက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မလို့ ပိုပြီးတော့ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ဖို့လည်း လိုနေသေးတယ်လို့ထင်ပါတယ်။
…. ….. …..
မေးသူ ။ ။ ဒေါ်ပြုံး (ခရမ်းသုံးခွမြို့နယ်)
မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ရှင်။ ကျမကတော့ ခရမ်းသုံးခွနယ်က လယ်သူမကြီးတဦးပါ။ ကျေး လက်ပြည်သူများချမ်းသာဖို့ ဦးသိန်းစိန်အစိုးရက ပညာရှင်များထံကို အကြံဉာဏ်များတောင်းခံနေပါ တယ်။ ကျမသဘောထားကတော့ လယ်သမားထဲမှာတကယ်လုပ်ကိုင်နေတဲ့ လယ်သမားစစ်စစ်ရဲ့ အကြံဉာာဏ်များကို ရယူမယ်ဆိုရင် လယ်သမားတွေချမ်းသာဖို့ကို အမှန်အကန်ရနိုင်မယ်။ ကျမရဲ့သဘောနဲ့ပတ်သက်ပြီးေ တာ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကိုသိလိုပါတယ်ရှင်။ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပါတယ်။
အဖြေ ။ ။ မကြာခင်ကာလက ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တောင်သူလယ်သမားတွေ ပညာေ ပးရေး အစီအစဉ်တခု လုပ်ခဲ့ပါတယ်။ သုံးရက်ကြာသင်တန်းမှာ ပညာပို့ချခဲ့တဲ့ ကျွမ်းကျင်သူများ ကိုယ်တိုင်က တက်ရောက်လာတဲ့တောင်သူလယ်သမားများထံမှ လက်တွေ့ကျတဲ့ပညာတွေ အများကြီးရခဲ့ပါတယ်။ ဒါ့ကြောင့် ဒေါ်ပြုံးပြောတဲ့စကားတွေဟာ မှန်ကြောင်းကို ကျမတို့အတွေ့အကြုံ အရ ပြောနိုင်ပါတယ်။
(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts