>"Khet Mar portrait" by Burmese artist Maung Nyo Win

>

ပန်းချီဆရာကြီး မောင်ညိုဝင်းက စာရေးဆရာမကို ပုံတူ ဆွဲပေး
ဓာတ်ပုံသတင်း
ဇူလိုင် ၁၈၊ ၂၀၁၁


ပန်းချီဆရာကြီး မောင်ညိုဝင်း ပုံတူပန်းချီ ဆွဲပေးနေစဉ် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို စာရေးဆရာမ ခက်မာ၏ facebook တွင် ယနေ့ တွေ့ရသည်။ မည်သည့်အချိန်က ရိုက်ကူးထားခြင်း ဖြစ်ကြောင်း မသိရပေ။

ဆရာကြီး မောင်ညိုဝင်းက လေးစားဖွယ်ကောင်းသည့် အနုပညာရှင်တဦးကွယ်လွန်သည့်အခါမှ ထိုသူ၏ ပုံတူကို ရေးဆွဲပြီး ဈာပနသို့ ပေးပို့လေ့ရှိသူဖြစ်သည်။ သက်ရှိ အနုပညာသည်၏ ပုံတူကို ဆွဲပေးခြင်း မရှိသလောက် ရှားပါးသည်ဟု သိရသည်။

“မျက်နှာကြောတင်းတင်းမှာ ပြုံးတော့မှာလိုလို မပြုံးတော့ဘူးလိုလိုအနေအထား​ကိုမိအောင် သူဘယ်လိုများရေးပါလိမ့်နော်​..” ဟု စာရေးဆရာမ ခက်မာက သူ၏ facebook တွင် ရေးထားသည်။

ပုံတူပန်းချီကားတစ်ကားလုံးကို ပိတောက်ခြောက်အ၀ါရောင်တွေဘာ​ကြောင့် ကဲနေစေသလဲ ဆိုတာတော့ ပန်းချီဆရာမှ သိမှာပါ..ဟုလည်း မှတ်ချက်ပြုထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts