>News & Media

>

ဦးအောင်ရွှေရဲ့ ဘာသာရေးဆိုင်ရာလှုပ်ရှားမှုများ တွေ့ရ

မိုးမခ
ဇူလိုင် ၁၆၊ ၂၀၁၁
ဆရာတော်ကြီးနှင့်အတူ တွေ့ရသည့် ဥက္ကဌ ဦးအောင်ရွှေ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ နံနက် (၉း ၀၀) နာရီက သီတဂူ ကမ္ဘာ့ဗုဒ္ဒတက္ကသိုလ် (ရန်ကုန်) တွင် သီတဂူသာသနာပြုအဖွဲ့နှင့် သဲကုန်းအသင်းသူ/သားများ၏ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အာရှတော်ဝင်မိသားစုမှနေ၍ သီတဂူဗုဒ္ဒတက္ကသိုလ် ပြုပြင်ထိန်းသိမ်းရေးအတွက် အလှူငွေ (၂၅၆)သိန်း လှူဒါန်းခဲ့သည်။

သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရက ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဒသာသနာ၏ အထူးခြား ဆုံးသမိုင်းနေ့အဖြစ် နားလည်ခံယူရန်နှင့် ထိုနေ့ထိုရက်၏ ထူးခြားမှု ၀ိသေသဂုဏ်၊ ဗုဒ္ဒသာသနာ၏ အဓိက အနှစ်သာရများ (သီလ၊ သမာဓိ၊ ပညာ)၊ တက္ကသိုလ်များကို ထူထောင်လုပ်ဆောင်ရေးနှ င့် မြန်မာပြည် တွင်ပြုပြင်ရမည်များကို အလှူရေစက်ချတရားအဖြစ် ဟောကြားချီးမြှင့်ပြီး ကြွရောက်လာသည့် သံဃာတော် များကို တပါးချင်းစီအလိုက် ၀ါဆိုသင်္ကန်းနှင့် န၀ကမ္မအလှူငွေများ ကပ်လှူပူဇော်ကြသည်။

အဆိုပါ ၀ါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်ရွှေ လာ ရောက်ပြီး ၀ါဆိုသင်္ကန်းကပ်လှူခဲ့သည်။ ဆရာတော်က ဦးအောင်ရွှေကို “အသက်ဘယ်လောက်ရှိပြီလဲ”မေးရာ ဦးအောင်ရွှေက“ကိုးဆယ့်ငါးနှစ်”ဖြေပြီး “ဒကာကြီး တစ်ရာပြည့် ကျင်းပမယ်”ဟု ဆရာတော်က အားပေး စကား ပြောကြားခဲ့သည်။

ကပ်လှူပူဇော်အပြီးတွင် အလှူရှင်ဒါယကာဒါယိကာများ၊ အသင်းအဖွဲ့များက ဆရာတော် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြရာ သီတဂူဆရာတော်ကပင် ဦးအောင်ရွှေကို အမှတ်တရ ဓာတ်ပုံတွဲရိုက်ရန် ဖိတ်ခေါ်ပြီး ရိုက်ကူးခဲ့သည်။ ကပ်လှူပွဲတင် သံဃာတော်များ၊ သီလရှင်များကို ဆွမ်းနှင့်အချိုပွဲများ ကပ်လှူ ခဲ့ပြီး ကြွရောက်လာသည့် လူပုဂ္ဂိုလ်များကို အုန်းထမင်းနှင့်ကြက်သား၊ ရွှေတောင်ထမင်းသုတ်၊ အချိုမုန့်ပွဲများ တည်ခင်းကျွေးမွေးခဲ့သည်။

ကထိန်သင်္ကန်းကပ်လှူပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ







သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts