>Tin Moe- Martyrs Day

>

အာဇာနည်နေ့
တင်မိုး
ဇူလိုင် ၁၃၊ ၂၀၁၁


ဗမာပြည်၏ နေ့တစ်နေ့၊
ယနေ့တစ်သက်တာအထိ၊
တို့မေ့ရက်စရာ မရှိ။ ။

ဖခင်အောင်ဆန်း၊
သွေးခင်းလမ်းဖြင့်၊
လွတ်လမ်းတံခါး ဖွင့်ပေပြီ။ ။

သမီးစုကြည်၊ အာဇာနည်လည်း၊
ဒီမိုကရေစီအရေး ၊
လွတ်လပ်ရေးအတွက်၊
ကိုယ်စံတေးခံ၊ အကျဉ်းစံရရှာပြီ။ ။

အာဇာနည်သွေး၊
ဂုဏ်ပျံ့မွှေး၍၊
လေးမြတ်ထိုက်စွာ ဂုဏ်ပြုပါအံ့။ ။

သို့သော်ငြားလည်း၊
မှားသူကမှန်၊ မှန်သူကမှား၊
မတရားကို၊ တရားလေဟန်၊
ခေတ်ပြောင်းပြန်ကြောင့်၊
နိုင်ငံရင်နာ မဆုံးတည်း။ ။

ကဗျာပေးပို့ပေးသူအား မိုးမခမှ အထူးကျေးဇူးတင်ရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts