>Opening Ceremony of Mudita Shwe Kyaung attended by Great Sayadaws from Burma

>

ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့၊ မုဒိတာရွှေကျောင်းဖွင့်ပွဲ စည်ကား
ဗန်းမော်ဆရာတော်ကြီးနှင့် မစိုးရိမ်ဆရာတော်ကြီးတို့က သြ၀ါဒပေး
မိုးမခ၊ ရုပ်သံနှင့် ဓာတ်ပုံသတင်း
ဇူလိုင်၊ ၁၀၊ ၂၀၁၁
             ယနေ့နေ့ခင်းက ဆန်ဖရန်ဘေးဧရိယာတွင် သီတင်းသုံးနေထိုင်သော အရှင်ဥာဏိကာဘိဝံသ (စာရေးဆရာ ဥာဏ်ဦးမောင်)၏ မုဒိတာရွှေကျောင်းသစ်ပွဲ အခမ်းအနားကို ကျင်းပရာ မြန်မာပြည်မှ သာသနာပြုခရီးရောက်ရှိနေသော ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသ၊ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦရာဇဓမ္မာဘိဝံသ၊ တောင်စွန်းဓမ္မ ဘေရီဆရာတော် အရှင်ဝီရိယ တို့ကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ကြသည်။
ဦးရာဇဓမ္မာဘိဝံသ၊ ဦးဝီရိယ၊ ဦးကုမာရာဘိဝံသ
          ကယ်လီဖိုးနီးယားပြည်နယ်ရောက် ဆရာတော်၊ သံဃာတော်များလည်း ကြွရောက်ကြသဖြင့် သံဃာတော် အပါး ၂၀ ကျော် တက်ရောက်ချီးမြှင့်သော ဗုဒ္ဓဘာသာကျောင်းသစ်ဖွင့်ပွဲတခုဖြစ်သည်။ ဧည့်သည်သံဃာတော်ဆရာတော်များအနက် မြန်မာပြည်က သာသနာပြုခရီးရောက်ရှိနေသူ ဆရာတော် ရာဇိန္ဒ (စာရေးဆရာ ရဝေနွယ်) နှင့် ဒွိပိဋကဆရာတော် ဦးနေမိန္ဒာဘိဝံသလည်း ကြွရောက်တော်မူသည်ကို တွေ့ရသည်။
            ဦးရာဇိန္ဒ၊ ဦးနေမိန္ဒာဘိဝံသ
       ဘေးဧရိယာနေ မြန်မာမိသားစုများက အစားအသောက်များ ချက်ပြုတ်လှူဒါန်းပြီး စုပေါင်းဆွမ်းကျွေးခြင်း၊ ဧည့်ပရိသတ် ၄၀၀ခန့်ကို ဧည့်ခံကျွေးမွေးခြင်းတို့ ပြုလုပ်ကြသည်ကို တွေ့ရသည်။ ဆရာတော် ဦးဥာဏိကာဘိဝံသ ကျောင်းထိုင်သီတင်းသုံးမည့် မုဒိတာရွှေကျောင်းသစ်၏ လိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။
            လိပ်စာ – 27695 Leidig Ct., Hayward, CA 94544Phone:  510- 785 0787/510- 574 5442,  www.mymudita.com

            ကျောင်းဖွင့်ပွဲတွင် ဗန်းမော်ဆရာတော် ဦးကုမာရာဘိဝံသ ဟောကြားတော်မူသော သြ၀ါဒ မိန့်ခွန်း –

   ကျောင်းဖွင့်ပွဲတွင် မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ ဟောကြားတော်မူသော သြ၀ါဒ မိန့်ခွန်း –

            ကျောင်းဖွင့်ပွဲတွင် ကျောင်းထိုင်ဆရာတော် ဦး ဥာဏိကာ ဘိဝံသ ပြန်လည် ပြောကြားသော ကျေးဇူးစကား –

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts