>many diplomats seek asylum in US‎ within 20 years

>

အမေရိကန်တွင် မြန်မာသံတမန် အများအပြား ခိုလှုံခွင့် ယူခဲ့
မိုးမခအထောက်တော် အမှတ် ၂
ဇူလိုင် ၅၊ ၂၀၁၁

ယမန်နှစ်က တွေ့ရသော ၀ါရှင်တန်ရှိ မြန်မာသံရုံး (ဓာတ်ပုံ – mbell1975)


ပြီးခဲ့သည့် အနှစ် ၂၀ ၀န်းကျင်အတွင်း အမေရိကန်ရောက် မြန်မာသံတမန် အများအပြား နိုင်ငံရေး ခိုလှုံခွင့် ယူခဲ့ကြသည်ဟု သံတမန်တဦးက ပြောသည်။

အမေရိကန်တွင် ၁၉၈၉ ခုနှစ်က ခိုလှုံခွင့်ယူခဲ့သည့် တတိယအတွင်းဝန်ဟောင်း ဦးကျော်သာကို ကိုးကားပြီး ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက အင်္ဂါနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားခြင်း ဖြစ်သည်။

“ကျနော် သိရသလောက်တော့ ၀ါရှင်တန်(သံရုံး) ရော၊ နယူးယောက် (ရုံး) ရောဆိုရင် 88 နောက်ပိုင်း ဆိုရင် ၁၀ ယောက်လောက်တော့ ရှိမယ်”

အမေရိကန်အစိုးရက ထိုသံတမန်တို့ကို ခိုလှုံခွင့် ပေးခဲ့သည်ဟု ဦးကျော်သာက ဆိုသည်။ သို့သော်လည်း ၎င်းတို့၏ အမည်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

တနင်္လာနေ့က ၀ါရှင်တန်ရှိ မြန်မာသံရုံး ဒုတိယအကြီးအကဲ ဦးကျော်ဝင်းသည် အမေရိကန်တွင် ခိုလှုံခွင့် တောင်းလိုက်သည်။

ထိုဖြစ်ရပ်များက မြန်မာအာဏာပိုင်တို့ကို သိက္ခာကျစေသည်ဟု ဦးကျော်သာက ဆိုသည်။

“ခိုလှုံခွင့်တောင်းတယ် ဆိုတာ အစိုးရကို မယုံကြည်ဘူး၊ အစိုးရကို မထောက်ခံဘူး၊ အစိုးရကို ကန့်ကွက်တယ် ဆိုတဲ့ အမြင်မျိုးတွေ အများကြီးရောက်တော့ အစိုးရ သိက္ခာ အများကြီး ကျတာပေါ့”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts