>Sein Yaung Soe plants trees honoring U Ngwe in Mandalay

>

မန္တလေးက စိမ်းရောင်စို ၅ကြိမ်မြောက် သစ်ပင်စိုက်
ဖေ့ဘွတ်မိတ်ဆွေ သန့်ဇော်မျက်နှာက ယူသည်၊ ဇူလိုင် ၅၊ ၂၀၁၁

စိမ်းရောင်စိုAtivitiesရဲ့ ပဉ္စမအကြိမ်သစ်ပင်စိုက်ပွဲကို သစ်ပင်ဒကာကြီး ဦးငွေအမှတ်တရ အဖြစ် တောင်သမန်အင်းအရှေ့ဖက်က ကျောက်တော်ကြီးဘုရား ပရဝုဏ်အတွင်းမှာ စိုက်ပျိုးကြပါတယ် ။ ၃၂လမ်း x ၈၁လမ်း မောနင်းစတား လက်ဖက်ရည်ဆိုင် စုရပ်မှ ကျောက်တော်ကြီးဘုရားထိ အဖွဲ့သူအဖွဲ့သားများက စက်ဘီးများ ဆိုက္ကားများဖြင့် တပျော်တပါးသွားရောက်၍ သစ်ပင် ၂ဝဝနီးပါး စိုက်ပျိုးခဲ့ကြပါတယ် ။ 
စိမ်းရောင်စို သဘာ၀၀န်းကျင်အဖွဲ့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုကို ကိုယ်ထူကိုယ်ထ လှုပ်ရှားမှုအဖြစ် လှုံဆော်တဲ့ လူမှုအဖွဲ့တခု ဖြစ်ပါတယ်။ သစ်ပင်ဒကာကြီး ဦးငွေဆိုတာကတော့ မန္တလေးမှာ သက်ရှိထင်ရှားရှိစဉ်တလျောက်လုံး ကိုယ့်အားကိုယ်ကိုးပြီး သွားလေရာ သစ်ပင်တွေ စိုက်ပျိုးပေးသူ စေတနာရှင်ကြီး တဦးဖြစ်ပါတယ်။
 
ဓာတ်ပုံမှာ တီရှပ်ဝတ်ထားသူက ကွယ်လွန်သူ စေတနာရှင်ကြီး ဦးငွေရဲ့ သမီး ဖြစ်ပ်ါတယ်။ ကွယ်လွန်သူ သတင်းစာဆရာမကြီး လူထုဒေါ်အမာရေးသားပြုစုခဲ့တဲ့ ကျမတို့ မန္တလေးသူ မန္တလေးသား စာအုပ်မှာ သစ်ပင်ဒကာကြီး ဦးငွေကို ဂုဏ်ပြု စာဖွဲ့ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts