>Martyrs Day Songs

>

မော်ကွန်းဝင် အာဇာနည်သီချင်းများ
မိုးမခ
ဇူလိုင် ၄၊ ၂၀၁၁

ပန်းချီအား ဒီနေရာမှ ယူပါသည်။

စန္ဒယားလှထွတ်၏ သံစဉ်ဖြင့် မောင်မောင်သီရေးစပ်သီကုံးထားပြီး ရုပ်ရှင်မင်းသားကြီး ၀င်းဦး သီဆိုထားသည့် သတိရပါသည် အာဇာနည်သီချင်းအား မိုးမခပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ရပါသည်။

…. … …

သတိရပါသည်

ရေးစပ်သီကုံးသူ – မောင်မောင်သီ
သံစဉ် စန္ဒယားလှထွတ်
သီဆိုသူ – ၀င်းဦး


(အာဇာနည်နေ့ xxx တမြေ့မြေ့ သတိရနေ x x သတိရသည်နှင့်အမျှလေ အသိက ညီရင်းတမျှဆွေ တိုင်းရင်းသားလူမျိုးစုတွေ x x x
ဥမကွဲသိုက်မပျက် ခရီးဆက်လက်နှင်မလေ x x x)၂

ဗိုလ်ချုပ်အောင်ဆန်း မှာတမ်းများခြွေ xx တပ်မတော်နဲ့ပြည်သူ xx တပြေးတည်းညီတူနေ xxx တိုင်းပြည်ထူထောင်ရေး xx လုပ်ငန်းများ အထွေထွေ တွဲယှဉ်မကွာပေ မနှေးအစဉ်သာပေ xxx ရင်ကြားစေ့အောင် ဆောင်ရွက်နိုင်စေ ညီနောင်တစုမှာလေ x x x

ကျရောက်သမျှတာဝန်တွေ xx မသွေတမ်းပေ xxx မခိုမကပ် လိုအပ်သမျှတွေ ဖြည့်တင်းလို့လေ xxx သွေးစည်းခြင်းရဲ့ ရလဒ်အဖြေ လွတ်လပ်ခြင်းမှာ တို့ရာရဲအမွေ xxx ဒီအမွေ ဒီအနှစ် တစက်မျှ အထိမခံပေ xxx (အန္တရာယ်ရန်စွယ်ဟူသမျှတွေ)၂ သိုင်းသိုင်းဝန်းဝန်း ရိုင်းပင်းကာ တွန်းလှန်ဖြိုဖျက် တခဲနက် အောင်မြင်စေ xxx
(အစအဆုံးပြန်ဆို)

သီချင်းအား ဒီနေရာတွင် နားဆင်နိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts