>Defected U Kyaw Win sent letter to Clinton

>

အမေရိကန်ဆိုင်ရာ မြန်မာဒုသံမှူးက နိုင်ငံခြားရေးဝန်ကြီးကလင်တန်ထံ စာရေးပို့
မိုးမခ၊ ဇူလိုင် ၄၊ ၂၀၁၁
လွန်ခဲ့သည့် နာရီပိုင်းအတွင်းက မြန်မာစစ်အစိုးရကို စွန့်ခွာပြီး အမေရိကန်ပြည်တွင် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ဒုသံမှူး ဦးကျော်ဝင်းက နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ထံ တိုက်ရိုက်စာရေးသားပေးပို့သည်ဟု ယုံကြည်စိတ်ချရသည့်သတင်းရင်းမြစ်တခုက ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ ပေးစာတွင် ၎င်းက ထုတ်ဖော်ပြောဆိုရာတွင် မြန်မာစစ်အစိုးရကိုယ်စား အမေရိကန်သံတမန်လောက၊ အစိုးရမဟုတ်သော အသိုင်းအ၀ိုင်း၊ နိုင်ငံရေးလောကနှင့် အသိုင်းအ၀ိုင်းများကို ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သူတဦးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ကြောင်း၊ အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်စေရန် မိမိ၏ အကြံပြုချက်များကို နေပြည်တော်အစိုးရက အစဉ်တစိုက် ပယ်ချခဲ့ကြောင်း၊ မိမိယခု မြန်မာစစ်အစိုးရကို စွန့်ခွာရခြင်းမှာ မြန်မာပြည်သူများအပေါ် ကျောခိုင်းခြင်းမဟုတ်ကြောင်း ထုတ်ဖော်ရေးသားထားသည်။
အမေရိကန်၏ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများကို ထောက်ခံကြောင်း၊ ကုလသမဂ္ဂကိုယ်တိုင်က မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖော်မှုများ၊ ရာဇ၀တ်မှုများကို ဖော်ထုတ်စစ်ဆေး အရေးယူခြင်းကို အမေရိကန်က ထောက်ခံဆောင်ရွက်စေလိုကြောင်း၊ စစ်အစိုးရထောက်ခံသူ စီးပွားရေးသမားများ၊ အလိုတော်ရိများကိုပါ ဆက်လက်ပိတ်ဆို့အရေးယူစေလိုကြောင်း တိုက်တွန်းရေးသားထားသည်ကို တွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts