>Regime’s Monk Authority moving to Nay Pyi Daw

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

စစ်အစိုးရသစ်၏ သံယမဟာနယကအဖွဲ့လည်း နေပြည်တော်ပြောင်းသီတင်းသုံးမည်
မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင် ၃၊ ၂၀၁၁
ရန်ကုန်မြို့တော် သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေတွင် တည်ရှိ ပြီး သာသနာရေးကိစ္စရပ်များ အဆုံးအဖြတ်ပေးနေသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရုံးကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်သို့ ပြောင်းရွှေ့မည်ဟု ဇွန်လ ၁၈ ရက်နေ့တွင် မန္တလေးမြို့၌ သီတင်းသုံးနေသော နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော် ဘုရားကြီးက မိန့်ကြားကြောင်း ယခုအပတ်ထုတ် The Voice ဂျာနယ်မှာ ဖော်ပြထားသည်။
နေပြည်တော်သို့ ပြောင်းရွှေ့သီတင်းသုံးမည့် နိုင်ငံတော်သံဃမဟာ နာယကရုံးသည် နေပြည်တော်၌ တည်ထားကိုးကွယ်နေသည့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ တောင်ဘက်၌ နှစ်ထပ်ကျောင်းဆောင်အဖြစ် ၄၇ ပါးသီတင်းသုံးနိုင်သည့် အဆောင်၊ ရေချိုးခန်း၊ ဆွမ်းစားဆောင်များအပါ လေဝင်လေထွက်ကောင်းမည့် အဆောင်အဖြစ် ဆောက်လုပ်နေကြောင်းနှင့် ယင်း အဆောက်အအုံမှာ ယခုနှစ် အောက်တိုဘာလကုန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားပြီး အချောသတ်ပြီးစီးပါက နေပြည်တော်၌ ၁၄၇ ပါးစုံညီ သံဃာအစည်းအဝေးများ ပြုလုပ်၍ သာသနာ့ ရေးရာ ကိစ္စရပ်များကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်ဟု အဆိုပါ ဂျာနယ်က ရေးသားထားသည်။
 နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ယခုလောလောဆယ် ရုံးထိုင်နေသည့် မဟာ ပါသာဏာ လိုဏ်ဂူကြီးသည် သာသနာနှစ် ၂၅၀၀ ပြည့် ဆဋ္ဌမသင်္ဂါ ယနာတင်ပွဲ၌ ဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေတွင်တည်ရှိသည်။ အဆိုပါ သံဃာ့အဖွဲ့ကို နေပြည်တော်သို့ ရွှေ့ပြောင်းကြမည်ဟု သတင်းတွင် ရေးထားသည်။
စစ်အစိုးရအသစ်တက်လာပြီးနောက် မဟာသံဃာနာယကအဖွဲ့တွင်လည်း ဥက္ကဋ္ဌဆရာတော်သစ်ကို တင်မြှောက်ခဲ့ပြီးဖြစ်ရာ ယခု မြန်မာပြည်တွင်းရှိ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌမှာ ဗန်းမော်ဆရာတော်ဘုရားကြီး ဦကုမာရာဘိဝံသ ဖြစ်သည်ဟု သိရသည်။ မဟနဥက္ကဋ္ဌဆရာတော်ဘုရားကြီးသည် ယခုလက်ရှိတွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည်ဟု ဆိုသည်။ ဇွန်လကုန်က အမေရိကန်ပြည်၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့သို့ တရားဟောကြားရန် ရောက်ရှိလာရာ ဖို့ဝိန်းမြို့ရောက် မြန်မာပြည်သူလူထုတရပ်လုံးက မဟာသံဃနာကယဥက္ကဌ ဆရာတော်ဘုရားကြီးကို သောင်းသောင်းဖျဖျ ကြိုဆိုကြသည်ကို ဘားမားတူးဒေးသတင်းတွင် တွေ့လိုက်ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts