>Martyrs Day Songs

>

မော်ကွန်းဝင် အာဇာနည်သီချင်းများ
မိုးမခ
ဇူလိုင် ၁၊ ၂၀၁၁

ပန်းချီ – ကိုမျိုး

ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ဆိုတာကို အမျိုးကိုချစ်၊ နိုင်ငံကိုချစ်၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်ကြ တဲ့သူတိုင်း သတိရမိကြမှာပါ။ လွတ်လပ်ရေးအရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့နေ့၊ တပ်မ တော်ဖခင်ကြီးကျဆုံးခဲ့တဲ့နေ့၊ အာဇာနည်နေ့ဟာ ယနေ့ခေတ်မှာတော့ မှေးမှိန်ပျောက်ကွယ်အောင် ဖုံးကွယ်ဖျက် ဆီးခံနေရတာ အထူးပြောပြနေဖို့ မလိုပါဘူး။ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရဲ့သမိုင်း၊ ဗိုလ်ချုပ်တို့ရုပ်ပုံ၊ ဗိုလ်ချုပ်တို့နဲ့ပတ်သက်တဲ့ ဂုဏ်ပြုရေးစပ်တဲ့ တေးသီချင်း အာဇာနည်သီချင်းတွေကလည်း အဖျောက်ဖျက်ခံနေရ ပါပြီ။ ဒါကြောင့် မိုးမခပရိသတ်အတွက် ရှားပါးပျောက်ကွယ်လုသီချင်းတွေထဲက လက်လှမ်းမီသမျှ စုစည်းပြီး အားပါးတရ ခံစားနားဆင်နိုင်အောင် ပြန်လည်တင်ဆက်လိုက်ပါတယ်။ နားဆင်ရာမှာ ပိုမိုခံစားနိုင်စေဖို့ တေး သံများသာမက တေးစာသား များပါ ဖော်ပြလိုက်ပါတယ်။

… …. ….

အလေးပြုပါသည်
သီဆိုသူ – မေလှမြိုင်
ရေးစပ်သီကုံးသူ – ဂီတာတင်အုံး

(နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ x x x ယနေ့ဖြင့် သတိတရားထားဖို့ အ ခြေ x x x အများပြည်သူတွေ အများပြည်သူတွေ x x x အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ x x x အေ လးပြုပါမယ်လေ x x x )၂

စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ x x x လွမ်း … မျက်ရည် မြေခပြီမို့ တွေးတ သသ ဆွေးစမရွှင်ပေ x x x ရွှေရင်ဆူကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ x x x

အာဇာနည်ခေါင်းဆောင်ကြီးတွေ x x x
အာဇာနည်ခေါင်းဆောင်ကြီးတွေ x x x
ကောင်းရာသုဂတိရောက်ရှိကြပြီလေ x x x

တေးကဗျာ အနုစာခွေရေးကာ တေးပြု x x x အလေးပြုပါတယ်လေ x x x

(အစအဆုံး ပြန်ဆို)
သီချင်းအား ဒီနေရာတွင် နားဆင်နိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts