>Ayar Unicode and Burmese web pages

>



ဧရာယူနီကုဒ်ကို အသုံးပြုသူ ရှိလာပြီ
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇွန် ၂၆၊ ၂၀၁၁


ဧရာ နှင့် ဇော်ဂျီ ၂ မျိုး သုံးထားသော ၀က်ဆိုက်တခု


မြန်မာယူနီကုဒ်များ အပြိုင်အဆိုင် တီထွင်နေချိန်တွင် နာမည်ရလာသော ယူနီကုဒ်မှာ ဧရာ ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း DVB သတင်းဌာန အင်တာနက် စာမျက်နှာကို ဧရာ၊ ဇော်ဂျီဝမ်း တို့ တပ်ဆင်လိုက်သည်ကို တွေ့ရသည်။ ယခင်က DVB သတင်းဌာန သုံးခဲ့သည့် စာလုံးမှာ ၀င်းဘားမိစ် ဖြစ်သည်။

ဧရာယူနီကုဒ်ကို NLD ၀က်ဆိုက် http://burmese.nldburma.org/ တွင်လည်း သုံးထားသည်။

၂၀၀၉ တွင် ဧရာကို ပြည်တွင်းပြည်ပမှ မြန်မာယူနီကုဒ်ပညာရှင်များ၊ မြန်မာဂရပ်ဖစ်
ဒီဇိုင်းပညာရှင်များ တီထွင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာယူနီကုဒ် ၀က်ဆိုက်ရှိ ဆောင်းပါးများတွင် ဧရာ၏ လက်ရှိအခြေအနေ၊ အားနည်းချက် အားသာချက် တို့ကို တွေ့နိုင်သည်။
http://club.ayarunicodegroup.org/77/77
http://club.ayarunicodegroup.org/75/75

အသုံးများလာသော တခြား ယူနီကုဒ် တခုမှာ Myanmar3 ဖြစ်သည်။ ဘီဘီစီ မြန်မာဌာန၊ The Voice weekly ဂျာနယ် တို့၏ အင်တာနက် စာမျက်နှာ
တို့က Myanmar3 ကို သုံးကြသည်။

ဘလော်ဂါများ၊ သတင်းဌာနများက ဇော်ဂျီကို အသုံးပြုနေကြဆဲ ဖြစ်သည်။

ညာဘက်အောက်ထောင့်ရှိ ရွေးချယ်စရာ ၂ မျိုးကို နှိပ်ခြင်းဖြင့် အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် စီစဉ်ထားသော ၀က်ဆိုက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts