>Maung Ba Chit – Photo Variety and New Government, Tits Bits

>

အစိုးရသစ်နဲ့ဓာတ်ပုံတောက်တိုမယ်ရ  (Photo News Tits Bits)

မောင်ဘချစ်
မိုးမခ၊ ဇွန် ၂၂၊ ၂၀၁၁
အဖွင့်တော့ ခုပုံနဲ့ဖွင့်မှဖြစ်မယ်ထင်လို့ပါ။  ၅လပိုင်း  ၂ရက်နေ့ ၂၀၁၁ ရက်စွဲပါ။ (မြန်မာက ရက်၊လ၊နှစ်ပါ။ ) မေလ ၅ ရက်က။ ခန်းမမှာခပ်တည်တည်ပဲ။ ဘယ်သူမှလည်းမဖြုတ်ရဲပါဘူး။ နတ်ကိုင်မှာစိုးတယ်။ ဟဲ ဟဲ …။
 
ရန်ကုန်မိုးပေါ့ ဗိုလ်ဉာဏ်။ မိုးလေးနည်းနည်းရွာတော့ ခုဒီနေရာကမြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံလမ်းပေါ့ဗျာ။ မြင်တဲ့အတိုင်းပဲ။ ရွှေဘုံသာမှာဆို ခုလောက်ဆိုရင် လမ်းကနေ ချောင်းအဖြစ် ပြောင်းသွားတယ်။ မိုးတွေဘယ်လောက်မှ ရွာတာမဟုတ်ဘူး။
 
မြို့တော်ဝန်အသစ်ကတော့ ဒီခန်းမကို ဆေးသုတ်နေတာပဲလေ။ သန်းရာချီ အကုန်ခံတာပေါ့။ အင်္ကျီလဲမယ်၊ ဘောင်းဘီလဲမယ်၊ ဆေးသုတ်မယ် ဆိုရင် အားလုံးကောင်းသွားမယ် ထင်ကြတာ … စစ်အစိုးရ သဘာဝထင်ပါရဲ့။
 
ရှေ့အဆောင်အဦ (အုတ်အရောင်ကတော့ အရင်က Rowl Company) ပေါ့။ လ၀က ကရုံးဖွင့်တယ်။ ခုပုဂ္ဂလိကကိုရောင်းပြီးပြီလို့ ကြားတာပဲ။
 
ရန်ကုန်ကပန်းဆိုးတန်းဆိပ်ကမ်းပါ။ ဒလကိုကူးတဲ့ သင်္ဘောပဲ။ အလွမ်းပြေ ပေါ့။
ဘုန်းတော်ကြီးနှစ်ပါးနောက်က ပလက်ဖေါင်းပေါ်က အပြာရောင် အဆောက်အဦကိုတော့ Media Corner လို့ ခေါ်တယ်။ စာပေစာနယ်ဇင်းရန်ပုံငွေအတွက် တစ်လ သုံးသိန်းနဲ့ အများပြည်သူလမ်းပေါ် (ပလက်ဖေါင်း) မှာ ခပ်တည်တည်နဲ့ ဆောက်ထားတာပါ။ ဆင်သွားရင်လမ်းဖြစ်သတဲ့။
“တော်စမ်းပါကျော်ဆန်းရာ၊ ငါ့မှာလည်း ကလေးတွေနဲ့၊ မင်းပေါင်မှာလည်း ပွေးတွေနဲ့” ဆိုသလို အစိုးရသစ်ကို ကြိုဆိုနေတာကိုသာ ကြည့်ပေတော့။
မြို့တော်ဝန်သစ် ငြမ်းဆင်၊ ဆေးသုတ်နေတဲ့ မြို့တော်ခန်းမနဘေး၊ လက်ယာဖက်မှာ ဆူးလေစေတီတော်ရှိတယ်။ ကားကြီးနဲ့ ဈေးရောင်းတယ်။ စည်ပင်ဈေးကားကို တွေ့မယ်။ ကြက်ဥနဲ့  ရှောက်သီး၊ မာလကာသီး၊ သက်သာဆပ်ပြာမှုန့်တွေ ရောင်းတာပေါ့။ တခါတခါလည်း ကန်စွန်းရွက်ရောင်းတယ်။ ဗိုလ်ချုပ်ရွာတွေမှာတော့ ကြက်သား၊ ၀က်သား၊ ဆိတ်သားတွေကို ရောင်းပေးတယ်။ အများပြည်သူဈေးရဲ့ ၂၅% လောက်နဲ့ရောင်းပေးတယ်။ ဟဲ  ဟဲ …
သူတို့ကဆင်းရဲတာကိုး။
လက်တို့ပြီးတော့ပြောရဦးမယ်။ လက်ရှိမှာ စိန် အရောင်းအကောင်ဆုံးကာလပဲ။ (confirmed)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts