>SUU 66, Nyo Khat Kyaw – Poem

>

သက်ရှိရုပ်ကြွင်း ၆၆
ညိုခက်ကျော်
ဇွန် ၂၁၊ ၂၀၁၁


(၁)
၂၀၁၁ ဇွန်၁၉
ဘုန်းကျက်သရေတိုးပြီး
လိုရာဆန္ဒပြည့်ဝပါစေ။

(၂)
ဒီနေ့မနက်ခင်းမှာ
မေမေ့ရဲ့ ခွပ်ဒေါင်းပျိုဟာ
ငြိမ်းချမ်းရေးသက်တန့်ကိုထမ်းပိုး
အရှေ့စူးစူးအရပ်ဆီ
ပြန်လည်ဦးမော့လို့။

(၃)
၆၆ မြစ်ကျဉ်းအလွန်မှာ …
တတိယမြောက်မျက်လုံးဖွင့်မယ်။
၆၆ မြစ်ကျဉ်းအလွန်မှာ …
လောကပါလဖြတ်စ ၄၉ ကို
မေမေပန်နေကျ စံပယ်ပန်းပွင့်လေးတွေလို
တစချင်းစီပြန်သီမယ် …
ပန်းကုံးကလေး ဆက်ထုံးမှာ
မြန်မာပြည်ရဲ့သမိုင်းဘီး တပတ်ပြန်လည်ကြဖို့ပါ။
၆၆ မြစ်ကျဉ်းအလွန်မှာ …
အဝေးရောက်ကြယ်တံခွန်ပြန်လာမယ်။

(၄)
အလင်းနက်ရင်
သန်းခေါင်ပျက်ရမယ်
မြင့်မြတ်သော
ရဲဝံ့သော
စွန့်လွှတ်သော
စွန့်စားသော
ငြိမ်းချမ်းရေးခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်
သက်တော်ရာကျော်ရှည်ပါစေ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts