ကိုယ့်အထင်
မာမာအေး
မေ ၁၄၊ ၂၀၁၃
ချစ်မြေ …
မင်းတည်နေလို့ ကိုယ်ရှိ
ကျေးဇူးကြီးပါဘိ …။
မသိကျေးဇူး
သူရူးတတွေ
ဆိုးတေလုပ်ကြံ
ဗုံးဆံ စိုက်ကျဲ
ဖေါက်ခွဲဖျက်ဆီး
အငြိုးကြီးသော်
မြေပေါ် မြေအောက်
ချောက်ချောက် ခြားခြား
မြေသားမငြိမ်
အိနြေ္ဓမရ
တစစနှင့်
ရုတ်းကြွပဲ့တင်
ငလျှင် တော်လဲ
ခြိမ့်ခြိမ့်သဲညံ
နိုင်ငံသီးသီး
ငိုငြီးဖွယ်ရာ
ကြုံနေပါ၏။
သူ၏ ကိုယ်၏
ညဏ်မျက်စိမှာ
မေတ္တာယွင်းဖောက်
အငြိုးပျောက်ကာ
မိုးအောက်မြေလမ်း
တည်နေငြိမ်းချမ်း
စားစမ်း စိုက်စမ်း
နေစမ်းငါ့ပေါ်
ကြွေးကြော်မလားဘဲ …
(မြေနေ့သို့ …)
၂၂. ၄. ၂၀၁၃
နံနက်ပိုင်း
ဖို့ဝိန်းမြို့