>LA Burmese Community celebrated Suu 66 Birthday

>

လော့စ်အိန်ဂျလိစ် မြန်မာကွန်မြူနီတီက ဒေါ်စု ၆၆ နှင့် အမျိုးသမီးများနေ့ကျင်းပ
LA Organizers blog စာမျက်နှာ
ဇွန် ၂၁၊ ၂၀၁၁
ဇွန်လ ၁၉ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့်မြန်မာ့အမျိုးသမီးများနေ့  အခမ်းအနားကို Los Angeles မြို့ လပွန်းတီအရပ်ရှိ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ရာ ပြည်သူလူထု ၁၀၀ ကျော်တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသူများက ဒေါ်စုအားဂုဏ်ပြုသော အမှတ်တရ စကားများ ပြောကြားခြင်း၊ မွေးနေ့ သီချင်းသီဆိုခြင်း၊ ဒေါ်စုအတွက်စပ်ဆိုထားသော ထက်အောင်ရှိုင်း၏ “ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက်သီချင်း”ကို သီဆိုခြင်းတို့ ဖြင့် အခမ်းအနားမှာ စည်ကားအသက်ဝင်ခဲ့ ပါသည်။
အခမ်းအနားကို စီစဉ်သူ LA Organizers အဖွဲ့ မှ အဖွဲ့ ဝင်များကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများအားတိုက်ခိုက်မှု ရပ်စဲရန်၊ ဖြစ်ပေါ်နေသော နိုင်ငံရေး အခက် အခဲများကို တွေ့ ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်၊ ပြည်ပရောက်နိုင်ငံသားများကို မြန်မာနိုင်ငံသို့ လွတ်လပ်စွာ ပြန်လာနိုင်ရန် စသည့်တောင်းဆိုချက်များပါဝင်သော လက်မှတ်ရေးထိုး တောင်းဆိုမှုကို ပြုလုပ်ခဲ့ပါသည်။
ထို့ ပြင် Los Angeles မြို့ က ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ ဦးအား လစဉ်ကူညီနေသော အစီအစဉ်ကို ရှင်းပြခြင်း၊ အထူးသဖြင့် မြန်မာပြည် အပြောင်းအလဲအတွက် လမ်းဆုံလမ်းခွတွင် ရောက်ရှိနေ သော နိုင်ငံရေးအကျပ်အတည်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေးကို မျက်ခြေမပြတ်ကြရန်နှင့်ယခုထက်ပိုမို၍ လုပ်ကြရန်၊ အထူးသဖြင့် လူငယ်များနိုင်ငံအရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ကြရန်တိုက်တွန်းခဲ့ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts