>Mar Mar Aye – 384

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် – အမှတ် ၃၈၅
ပုဂံမြို့ဟောင်းတနေရာ
မာမာအေး
ဇွန် ၁၈၊ ၂၀၁၁


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့အစီအစဉ်မှာ အကိုကျော့မှူးရဲ့ “ပုဂံမြို့ဟောင်းတနေရာ” သီချင်းထဲက အမကြီး တင်တင်မြရဲ့ အဆိုတွေ အပြောတွေ ပြန်ပြီးကြားရတော့ အောင့်မေ့တယ်ရှင်။

မာအေးတို့ မြန်မာ့အသံမှာ အတူတူအလုပ်လုပ်လာခဲ့ကြတာမို့လား၊ သူကတော့ ၀န်ထမ်းသက်အပြည့်နေမှာပါ။ လူကြီးဆိုတဲ့သူတွေကို အမကြီးလောက် သည်းခံနိုင်စွမ်းရှိတဲ့ ၀န်ထမ်းမျိုး မတွေ့ဖူးပါ ဘူးရှင်၊။ တကယ့်ကို မာအေးချီးကျုးမိပါတယ်။ မာအေးကတော့ ကိုယ်မှန်ရင် ပြန်ပြောတတ်တယ်။ မအောင့်နိုင်ဘူးရှင့်။ ဒီတော့ လူကြီးတွေ ဘယ်ကြိုက်မှာလည်း၊ မတတ်နိုင်ဘူးလေ။ “ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်တာလုပ် ဟုတ်တာပြော”တဲ့ ၊ ကျေးဇူးရှင်ဆရာများ မောင်းထားတဲ့အတိုင်းပါဘဲ။

ဒေါ်တင် တင်မြကို မာအေးက “မမ”ဘဲခေါ်ပါတယ်။ မာအေးထက် (၇) နှစ်ကြီးတယ်ဆိုလို့ပါ။ သူလည်းမွေးရာပါ အသံပါရမီရှင်ပါဘဲ။ အသံလုံးကြီးလို့ အမျိုးသမီးတို့ရှိသင့်တဲ့ အသံမျိုးလည်းမဟုတ်၊ ဆိုပုံဆိုနည်း ရိုးရိုးကြီး လုပ်နေတာပေမယ့်လည်း သူ့အသံဟာ တည်ငြိမ်အေးချမ်း လုံခြုံနွေးထွေးမှုပေးသလို ခံစားနိုင်ပါတယ်။ လိုက်တု လို့မရတဲ့ပါရမီရှင်မို့လည်း စင်ပေါ်မှာ ကြာကြာနေနိုင်တာပေါ့ရှင်။

ဟိုအရင်က သီချင်းဆိုရင်း စကားပြောတာမျိုးဟာ ဇာတ်စင်ပေါ်မှာ သရုပ်ဆောင်သူတွေသုံးခဲ့တာပါ။ ကာလေ ပ်ါသီချင်းတွေမှာ စကားပြောတာကိုတော့ “ပုဂံမြို့ဟောင်းတနေရာ”က စလိုက်တယ်ထင်တာဘဲ။ ပုဂံမြို့ဟောင်း ပုံစံ တေး ဇာတ်လမ်းရှည်ကို ပရိတ်သတ် ကြိုက်သွားတဲ့အခါ “စောင်းအိုလုင်၊ တောင်သမန်နယ်စားေ မာင်ဖေ ငယ်၊ ကိုနန္ဒနဲ့မကြေးမုံ၊ ကျိုက်ခေါက် စေတီသမိုင်း”ဆိုတာတွေ ဆက်တိုက်ထွက်ခဲ့တယ်၊ နောက် တွံတေးသိန်း တန်ဓါတ်ပြားတွေမှာ စကားပြောတာတွေ ပါလာတာ တွေ့ရပါတယ်၊ စကားပြောတာတော့ ပြော တာဘဲေ ပါ့။ လေမတူကြပါဘူး။ မမတင်တင်မြက ဇာတ်ကြောင်းကို ပုံပြင်ပြောတဲ့ လေမျိုး အသံအတင်အချ မျိုးနဲ့ပြော တာဖြစ်ပြီး သူငယ်ချင်းတွံတေး က ပြဇာတ်ဟန်ထည့်ပြောတဲ့ လေယူလေ သိမ်းနဲ့ ပြောတာပါ။ ဟင်္သာတထွန်း ရင်၊ ဟင်္သာတအောင်တင်ဝင်း၊ ဂီတာဖေ၀င်းတို့တွေလည်း ကိုသိန်းတန်လိုဘဲပြောတာ ကြားဖူးပါတယ်ရှင်။

အခု ဦးလေးသောင်းရဲ့ အောင်ဗလကလောင်ရှင်နံမည်နဲ့ ရေးတဲ့ “တ၀ဂူမှဂီတ” ရဲ့ တဆင့်ပြီးတဆင့် ဖြစ် သွားတာတွေ ကြုံရတာတွေကိုကြည့်ရင် စာရေးတဲ့သူမှာ ပိုင်ဆိုင်ခွင့်ရှိတဲ့အကြောင်း စောင်းပါးရိပ်ခြေ နား လည်နေမိပါတယ်။ ဒါကြောင့် အောင်ဗလဇာတ်လမ်းနဲ့ ကိုကျော့မှူးဇာတ်လမ်းနှစ်ခုကို ယှဉ်ကြည့်ခဲ့ပါတယ်။ ဘာတွေတူလို့ ဘာတွေကို ယူတာလည်းပေါ့နော်။

ဆရာအောင်ဗလရဲ့ ဇာတ်လမ်းမှာ တာဝန်အရ ရွှေမြို့တော်ကြီးရောက်နေရတဲ့ ပုဂံမြို့စား စောဝဏ္ဏရယ်၊ ကြင်ယာတော် စုဘုရားရယ်၊ စောင်းဆရာလေးရယ်၊ ဒါဘဲပါတယ်။ မြို့စားမင်းမရှိတဲ့အခိုက် လမင်းကြီးသာ စဉ်ကြိုက်မှာ ချစ်ဖော်ကိုလွမ်းနေဆဲ ပြန်ခဲ့ပါစေလို့ သစ္စာခက်ဝေ တောင်းဆုချွေနေရှာတဲ့ဆု ကလေးဟာ လေ သာပြူတင်းက ထိုးထွင်းဝင်လာတဲ့ သူမ၀ါသနာ စောင်းသံသာကြောင့် တံတျာနောက်က လိုက်မှန်းမသိ လိုက်သွားမိပါရောရှင်။

အိမ်တော်နဲ့တခေါ် တောင်ပူစာပေါ်က တ၀ဂူစေတီလေးအတွင်းက လာတဲ့အသံပေါ့၊ သျှောင်ချောထုံးနဲ့ ကိုယ် လုံး ကျစ်လစ် နုသစ်ဖယောင်း ရွှေလက်ချောင်းနဲ့ စောင်းတီးနေသူ တယောက်လူကိုတွေ့တော့ မောင်ငယ်တေ ယာက် ကောက်ရ တာလို မေတ္တာပိုသွားခဲ့ရှာတယ်၊ စောင်းသမားလေးကလည်း တကောင်ကြွက်ဆိုတော့ အမေ တ်ာရတာ အားတက်တာပေါ့၊ ဂီတ၀ါသနာတူ မောင်နှမတော်ထားသူနှစ်ယောက် ညတိုင်း ဂီတအလှူတေး ကြူကြပါသတဲ့။ စောင်းသမားလေးဖက်ကတော့ လှလွန်းဆွေမမကို စွဲလန်းလာတာကိုး။ အဲဒီလိုချစ်တဲ့ စိတ် နှလုံးသားမှ ပိတ်နိုင်ဘို့အရေး စစ်မြေပြင်ကိုပြေးမယ်လို့ဆုံးဖြတ်၊ မေတ္တာစစ်နဲ့ရပ်ကြရင်း တ၀ဂူတွင်းက ဗုဒ္ဓခြေတော်ရင်းမှာ သီချင်းဒါနလှူနေကြတုန်း ဗြုန်းဆို ပြန်ရောက်လာတဲ့ မြို့စားမင်းက သံသယ၀င်ပြီး အုတ်ချပ်တွေနဲ့ပိတ်ဖို့စီစဉ်ခဲ့တာ နှစ်ဦးလုံး မသိလိုက်ရှာတဲ့ အဖြစ်တခုဘဲလို့ ရေးဖွဲ့ပါတယ်။

ဒီပုဂံဇာတ်လမ်းကို ဂီတစာဆိုကျော့မှူးဖန်တီးရာမှာ စောင်းအိုလုင်ရယ်၊ ထိပ်ထားလေးရယ်၊ ဖခင်ဘုရင်ကြီးရယ် သုံးဦးပါဘဲ။ အဲဒီ့မှာက စောင်းအိုလုင်နဲ့ ထိပ်ထားလေးက ချစ်သူတွေဖြစ်လာလို့ တ၀ဂူဘုရားမှာ လာလာ ဆုံကြတွေ့ကြတာပါ။ ဖခင်ဘုရင်ကြီးသိသွားတဲ့အခါမှာ ငါလိုဘုန်းသမ္ဘာရှင်ဘုရင်ရဲ့သမီးဖြစ်ပါ လျှက် စောင်း သမားကိုမှ မက်ရသလားရယ်လို့ တအားဒေါသတွေဖြစ်ပြီး သမီးဆိုတဲ့သယောဇဉ်ကိုဖြတ်၊ အုတ် ချပ်တွေနဲ့ပိတ် စီခိုင်းစေတဲ့ ဇာတ်လမ်းပါရှင်။

ဇာတ်တည်တဲ့သုံးယောက်ချင်းတော့ တူပါတယ်။ ချစ်ပုံခြင်းမတူပါဘူး။ အောင်ဗလမြို့စားက သူကြင်ယာကို ဒီလိုစီရင်ချင်တာမဟုတ်ပါဘူးဆိုတာမျိုးစာဖတ်ရင်ခံစားရတယ်။ မောင်နှမအချစ်မျိုးကို အထင်လွဲခံရတာ လို့ သိစေတယ်။ ကိုကျော့မှူးရဲ့ဘုရင်ကတော့ ဒေါသအိုးဘဲ။ သမီးကိုတောင် ရာဇဂုဏ်မောက်ပြီး အုတ်စီခိုင်းရက် တယ်။ အချစ်ကလည်း သွေးရိုးသားရိုး ဘယာအချစ်မျိုးပါ။

ပုဂံမှာဇာတ်အိမ်ဖွဲ့တာနဲ့ တ၀ဂူထဲမှာ အုတ်ချပ်နဲ့စီပြီး ပိတ်ခိုင်းတာသာတူတာပါ။ ဒီဖြစ်ရပ်တွေကြောင့် အဲဒီ့အချိန်မှာတုန်းက အနုပညာရပ်ဝန်းက ပုဂ္ဂိုလ်များဟာ တရားဥပဒေကို အလေးထားတယ် အချင်းချင်းတွေ သိရင်လည်း ပေးစရာရှိပေးတတ်ပါတယ်။ နောက်မှ ပေးရကောင်းမှန်းသိတယ်ဆိုရင်လည်း လာညှိပေးတာပါဘဲ။ ကြားတယ်မို့လား ပုဂံမြို့ဟောင်းအနုပညာကြေးဟာ “တပုလင်း”ထဲရယ် လူများရင် တဆယ်ထပ် ထည့်စရာ လိုမယ်။ ဒါဘဲပေါ့။

မာအေးကတော့ တေးဂီတလောကမှာ ပီပြင်တဲ့ ဂီတဥပဒေတရပ်လိုအပ်နေပြီလို့ ထပ်ပြောချင်ပါသေးတယ်။ အချိန်က နည်းသွားတော့ နောက်တပတ်မှပေါ့နော်။ ပုဂံမြို့ဟောင်းကလေး ကလနားသတ်ပေး လိုက်ရမှာ မို့ပါ ရှင်။

** (ပုဂံမြို့ဟောင်းတနေရာ …. တင်တင်မြ)

သက်ဦးဆံပိုင် … ဘုရင်တပါး တမင်မသနား၊ သမီးတော်ကို အရှင်မထား စောင်းအိုလုင်နဲ့ နင်ညား၊ တ၀ဂူအ တွင်းမှာ မပြေးသာ၊ စတေးရှာလေတော့ အုတ်တချပ်သာ လျော့ခဲ့တဲ့သည်နေရာ စောင်းသံကို ကြားနားမှာ တကယ်မချမ်းသာ x x x သင်ကြုံကြိုက်လို့ရောက်တဲ့အခါ ရှာကြည့်စမ်းပါ (ပုဂံမြို့ဟောင်းတနေရာ) ၂ x x မသဲမကွဲ ရှိမြဲရှိမယ့် သဲသဲကွဲကွဲ ရှိမြဲရှိမယ့် ကျောက်စာတိုင်လည်း တ၀က်တပျက် ဆက်လက်ရှိဦးမှာ ချစ်သူ့နယ်ြေ မ သင်ရှာဖွေ ပုဂံမြို့ဟောင်း အဲဒီတနေရာ x x x

ပန်းချီ – မျိုးဝင်းအောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts