>SUU 66, Kamar Plae , Mama’s songs

>

မေမေ့ သီချင်း
ကမာပုလဲ
ဇွန် ၁၈၊ ၂၀၁၁


ငွေကုန်ကျေးကျများလွန်းတဲ့
အလွမ်းမျိုးလောက်တော့
သားမကြောက်ပါဘူး မေမေ …
တကယ်က စစ်မှန်ဖို့ပဲအရေးကြီးတာမလား
မေမေ့သီချင်းကို
ကယ်ရီအန်းဒါးဝုဒ် ဆိုနေတယ် မေမေ …။

မိန်းမတိုင်းဟာ …
မေမေ မဖြစ်နိုင်တဲ့အကြောင်း
ခေတ်အဆက်ဆက် ပြောခဲ့ကြပြီပဲ
မိန်းမတယောက်ရဲ့
စစ်မှန်တဲ့အလှဆိုတာ
မိခင်စိတ်သာဖြစ်သတဲ့ …
အမေ လူထုဒေါ်အမာက
အခိုင်အမာပြောခဲ့တယ် မေမေ
မေမေ့သီချင်းကို
ကယ်ရီအန်းဒါးဝုဒ် ဆိုနေတယ် မေမေ …။

မေမေဟာ မေတ္တာတရား
မေမေဟာ အလှတရားရဲ့ သရဖူ
မေမေဟာ မြေကမ္ဘာစစ်စစ်
မေမေ့သီချင်းကို
ကယ်ရီအန်းဒါးဝုဒ် ဆိုနေတယ် မေမေ …။

Carrie Underwood ၏ Mama’s Song အား ဒီနေရာတွင် နားဆင်နိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts