>SUU 66, 2P – Poem

>

လင်းပွင့်နတ်သမီး
2P
ဇွန် ၁၇၊ ၂၀၁၁

(ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက်မွေးနေ့အမှတ်တရ)

ပန်းချီအား ဒီနေရာမှ ယူပါသည်။
သူမဟာ …..
ပန်းရိုင်းတစ်ပွင့်ချင်းစီရဲ့ဗီဇကို
ဆည်းကပ်မြတ်နိုးတယ် …။

သူမရဲ့စကားလုံးစမ်းရေအလျဉ်ထဲ
စွမ်းအင်အပြည့်ရှိတယ် …။

ရာဇ၀င်တလျှောက်လုံး
လမ်းဘေးခရုခွံလို ဘ၀တွေအတွက်
မြင်းရိုင်းတစ်ကောင်လို စိတ်ဓာတ် …
စိန်ရိုင်းတုံးလိုဝိညာဉ် …
သူမမှာရှိတယ် …။

မူရင်းဆွေးမြေ့နေတဲ့
ဟောင်းနွမ်းနေမှုတို့အတွက်
တိမ်လွှာဝတ်ရုံတွေ ဖယ်ခွာပေးမယ့်
နတ်သမီး … ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts