>SUU 66, Phyo Min Thein’s Message for Suu 66 th Birthday

>

ကိုဖြိုးမင်းသိန်းမှ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက် မွေးနေ့ဆီသို့ …
ဇွန် ၁၆၊ ၂၀၁၁

ဒီနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆နှစ်မြောက်မွေးနေ့လည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အပြင်မှာရှိပြီး ကျင်းပနိုင်တဲ့မွေးနေ့ပွဲလည်းဖြစ်တယ်။
ဒီအတွက် ကျွန်တော်အနေနဲ့ အထူးပဲဝမ်းသားကြည်နူးမိပါတယ်ဗျာ။
နောက်တခုပြောချင်တာက
ကျွန်တော်တို့မြန်မာနိုင်ငံမှာ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊
မြန်မာနိုင်ငံငြိမ်းချမ်းရေး
ဆောင်ရွက်နေတဲ့
ငြိမ်းချမ်းရေးဖခင်းကြီးဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့နှင့်အတူ

မြန်မာလွတ်လပ်ရေးကိုတည်ဆောက်ခဲ့သော်ငြားလည်း
အခုအချိန်ထိ

ကျွန်တော်တို့တိုင်းပြည်က လွတ်လပ်မှုကို အပြည့်အ၀မခံစားနိုင်သေးပါဘူး …။
ဘာကြောင့်လဲဆိုတော့
အာဏာရှင်စနစ်အောက်မှရောက်နေတဲ့၊

ဒီအာဏာရှင်စနစ်အာက်မှာ လွတ်မြောက်ရေးအတွက်ကြိုးပမ်းနေတဲ့နေရာမှာ၊
ဒီမိုကရေလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ
ဒီမိုကရေစီရေးလှုပ်ရှားသူအားလုံးရဲ့ မိခင်လည်းဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီနှစ် ၆၆ နှစ်မှာကျရောက်လာတဲ့
မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကြိုးပမ်းနေတဲ့
ဒီမိုကရေစီမိခင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆နှစ်မြောက်မွေးနေ့ပွဲမှာ
မြန်မာနိုင်ငံအမျိုးသမီးများနေ့ကျင်းပဆောင်ရွက်နိုင်တဲ့အတွက် ကျွန်တော်တို့အားလုံး ဂုဏ်ယူမိတယ်။
မြန်မာတနိုင်ငံလုံးက ပြည်သူလူထုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်အသက်ရာကျော်ရှည်ဖို့
ဆုတောင်းမေတ္တာပို့ကြမယ်လို့ထင်ပါတယ်။
ကမ္ဘာတ၀န်းလုံးမှာရှိတဲ့ ပြည်သူလူထုကလည်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဒီမိုကရေစီရေးဆောင်ရွက်မှုတွေကို

ဒေါ်စုရဲ့ ၆၆နှစ်မြောက်မွေးနေ့ပွဲမှာ အားလုံးအတူပူးပေါင်းပြီး
မြန်မာဒီမိုကရေစီအရေးကို အတူတကွဝိုင်းဝန်းကြပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။

ဖြိုးမင်းသိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts