>Saung Yun La – Suu 66

>

ဆုတောင်းထက်ပိုတဲ့ ဆုတောင်း
ဆောင်းယွန်းလ
မိုးမခ၊ ဇွန် ၁၅၊ ၂၀၁၁
အားလုံးရေးခဲ့ကြတဲ့အတိုင်းပါပဲ …
အားလုံးဖွဲ့နွဲ့ခဲ့ကြတဲ့အတိုင်းပါပဲ …
အားလုံးသီဆိုခဲ့ကြတဲ့အတိုင်းပါပဲ …
အားလုံးခြယ်မှုန်းခဲ့ကြတဲ့အတိုင်းပါပဲ …
အားလုံးပြောခဲ့ကြတဲ့အတိုင်းပါပဲ …
အားလုံးနှုတ်ခွန်းဆက်သခဲ့ကြတဲ့အတိုင်းပါပဲ …
အားလုံးမေတ္တာပို့သခဲ့ကြတဲ့အတိုင်းပါပဲ …
အားလုံးတောင်းဆုခြွေခဲ့ကြတဲ့အတိုင်းပါပဲ …
ရေးစရာတွေက အားလုံးရေးထားခဲ့ကြတဲ့အထဲမှာ ပါသွားခဲ့ပြီ
ဖွဲ့နွဲ့စရာတွေက အားလုံးဖွဲ့နွဲ့ထားခဲ့ကြတဲ့အထဲမှာ ပါသွားပြီးပြီ
သီဆိုစရာတွေက အားလုံးသီဆိုခဲ့ကြတဲ့အထဲမှာ ပါသွားခဲ့ပြီ
ခြယ်မှုန်းစရာတွေက အားလုံးခြယ်မှုန်းခဲ့ကြတဲ့အထဲမှာ ပါသွားပြီးပြီ
ပြောစရာတွေက အားလုံးပြောခဲ့ကြတဲ့အထဲမှာ ပါသွားခဲ့ပြီ
နှုတ်ခွန်းဆက်သစရာတွေက အားလုံးနှုတ်ခွန်းဆက်သခဲ့ကြတဲ့အထဲမှာ ပါသွားပြီးပြီ
မေတ္တာပို့သစရာတွေက အားလုံးမေတ္တာပို့သခဲ့ကြတဲ့အထဲမှာ ပါသွားခဲ့ပြီ
တောင်းဆုခြွေစရာတွေက အားလုံးတောင်းဆုခြွေခဲ့ကြတဲ့အထဲမှာ ပါသွားပြီးပြီ
ကျန်တာဆိုလို့ တခုပဲရှိတယ်
အဲဒါက …..
အဝေးရောက်သားသမီးတွေနဲ့ အမြန်ဆုံး ပြန်လည်ပေါင်းစည်းနိုင်ရပါစေ ဆိုတာပါပဲ…။           ။
(သရုပ်ဖော် – ကာတွန်းဘီရုမာ၊ စု ၆၅ တုန်းက ဆွဲခဲ့တဲ့ ပို့စကဒ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts