>Symbol of Peace – Thurain Htet, Sein Thwar, Y Myit Cho

>

 
ငြိမ်းချမ်းရေး ပြယုဂ်
တေးရေး သူရိန်ထက် ၊ စိန်သွား၊ Yမြစ်ချို – တေးဆို Yမြစ်ချို- စိန်သွား
( စု ၆၆ အတွက် ပို့စကဒ်တင်ဆက်သူ – ဂျစ်တူးမုံရွာ)
ကျေးငှက်လေးများ တေးဆိုဖို့ ပန်းကလေးများဖူးပွင့်ဖို့ လူတွေငြိမ်းချမ်းရဖို့အရေး ခရီးဆက်ဆဲ အမေ
အဓမ္မတရားကို ဖယ်ရှားဖို့ မေတ္တာတရားထွန်းကားဖို့ သော်တာရောင်ခြည်လို အလင်းတန်းလင်းဖြာခဲ့ အမေ
ဆွေးမြေ့ပြိုလု အကျဉ်းအိုလေးထဲ အနှိုင်းမဲ စွန့်လွတ် ပေးဆပ် ဂရုဏာ ကမ္ဘာမြေပေါ်မှာ ကမ္ဖည်းထိုး ကြီးမြတ်သောအမေ

(အများပြည်သူအတွက် အမိမြန်မာပြည်အတွက် ခွန်အားသစ်ကို သူမွေးဖွားပေး အမိကမ္ဘာမြေအတွက် အလင်းရောင်ပမာပဲ ငြိမ်းချမ်းရေးရဲ့ ပြယုဂ်အမေ)

Rap (ဘယ်လောက်ပဲ ပင်ပန်းပါစေ ရည်မှန်းထားတဲ့ပန်းတိုင် မရောက်သေးသရွေ့ အမှန်တရားအတွက် မေတ္တာကိုင်စွဲလို့ အားလုံးအတွက်ကို ပေးဆပ်နေတဲ့အမေ…

တားဆီးမှုတွေ ဘယ်လောက်များလည်း ရှေ့ဆက်ပြီးတော့လှမ်းခဲ့ မကြောက်တရားနဲ့ မာရ်နတ်ကဲ့သို့ ဖျက်မယ့် အကြံများလည်း ရင်ဆိုင် ဖြေရှင်းတယ်။ 
စစ်မှန်တဲ့ အမှန်တရားအတွက် ပြည်သူရဲ့ဖက်ကပင် အမြဲကိုရပ်သူ  အမေရဲ့ခံစားချက်နဲ့ အားလုံးထပ်တူ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့
တခုလိုနေတာက စစ်မှန်တဲ့ ညီညွတ်မှု ကမ္ဘာတခုလုံးက လေးစားနေတာပါ အရှုံးမပေးပဲ နေလာသမျှ အမေ့ရဲ့ ပေးဆပ်မှုက ကမ္ဘာဆုံးတဲ့အထိ တည်မြဲနေမှာပါ )
သောကဘေးများ ငြိမ်းပြိုလို့ ဒုက္ခဘေးများ လွတ်မြောက်ဖို့ ကမ္ဘာမြေတ၀ှမ်းလုံး အပြုံးနဲ့ ဆီးကြိုလို့အမေ။
မေတ္တာတရားတရားကို ကိုင်ဆွဲလို့  လောကဓမ္မဖွဲ့ဖြိုးဖို့ ဖြူစင်ပါရမီ ရင့်ကျက်လွတ်လပ်သောအမေ
အခန်းငယ်လေးထဲ ပိတ်လှောင်ထားလည်း မိုးသားအောက်က လွတ်လပ်ခြင်းလေ အမေဟာ ကြည်လင်မွှေးတဲ့ စမ်းရေအေး။
(အများပြည်သူအတွက် အမိမြန်မာပြည်အတွက် ခွန်အားသစ်ကို သူမွေးဖွားပေး
အမိကမ္ဘာမြေအတွက် အလင်းရောင်ပမာပဲ ငြိမ်းချမ်းရေးရဲ့ ပြယုဂ်အမေ)
(စကားပြော- အမေဟာ ကျနော်တို့ဘ၀နဲ့ အနာဂတ်ရဲ့ အလင်းပြတိုက်ပါအမေ..
အမေရဲ့ လွတ်မြောက်ခြင်းဟာ မြန်မာပြည်ကြီးရဲ့ လွတ်မြောက်ခြင်းဖြစ်သလို ထို့ထက်ပို၍  ကမ္ဘာကြီးရဲ့ လွတ်မြောက်ခြင်းပါပဲ အမေ.. အမေ ရွှင်လန်းချမ်းမြေ့ပါစေ)

(ရာဇ၀င်များရဲ့ ခွပ်ဒေါင်း တေးစီးရီး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts