>Htein Linn, SUU 66

>

ပြည်သူများစွာထဲက ပန်းချီဆရာတယောက်သတိရနေတဲ့ မွေးနေ့တွေထဲက
မွေးနေ့တခုနဲ့ ပုံတူတွေက ပုံတူတခု
ပန်းချီထိန်လင်း
ဇွန် ၁၃၊ ၂၀၁၁


မိုးမခ ကိုရစ်ဆီက ၆၆ နှစ်မြောက်မွေးနေ့ အမှတ်တရတခုခုရေးဘို့ပြော လာတဲ့အခါ မြောင်းမြထောင်တွင်းမှာ ခက်ခက်ခဲခဲကျင်းပဖြစ်တဲ့ မွေးနေ့လေးကိုသွား သတိရမိပါတယ်။


ထောင်တွင်း ခြောက်နှစ်ကျော်ကာလတလျောက် ဒေါ်စုမွေးနေ့တိုင်းမှာ ညဘက် တိုက်ခန်းထဲကနေ သီချင်းတွေ ဆိုကြ၊ ကဗျာတွေရွတ်ကြ၊ ကော်ဖီတွေဖျော် ပြီး မျှသောက်ကြ၊ မွေးနေ့အမှတ်တရ စကားပြောတဲ့လူတွေ က လည်း သံတံခါးနောက် ကွယ်ကနေပြောကြနဲ့ နှစ်စဉ်ကျဉ်းပဖြစ်ခဲ့ ကြပါတယ်။ အဲဒီထဲမှာ အထူးခြားဆုံး က တော့ ၅၈ နှစ်မြောက်မွေးနေ့ပါ။


ထုံးစံအတိုင်း အပြင်နိုင်ငံရေးကောင်းရင် အထဲမှာလည်းအခြေအနေလေး တွေက ချောင်ချောင်လည်လည်ရှိပါ တယ်။ မြောင်းမြထောင်ဟာ နယ်ထောင်ဖြစ်တာမို့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရန်ကုန် မန္တလေးထောင်တွေထက်တော့ နဂိုထဲ က ချောင်လည်မှုရှိပါတယ်။


၂၀၀၂ ခုနောက်ပိုင်းကစလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ (အထူးသဖြင့် ဗိုလ်ချုပ်ခင်ညွန့်အဖွဲ့) ကြား အနည်းငယ်နားလည်မှုရလာပြီး၊ တွေ့ဆုံဆွေးနွေး ပွဲပဲဖြစ်တော့မလို သတင်းတွေဖြစ်လာတဲ့အခါ ထုံးစံအတိုင်း ကျွန်တော်တို့အထဲမှာ လည်း ထောင်တွင်းအခွင့်အရေးတွေကို တိုးတောင်းလာ၊ ထောင်အာဏာပိုင်တွေ ဘက်ကလည်း နိုင်ငံရေးအခြေအနေကြည့်ပြီး လိုက်လျောလာရနဲ့၊ ထောင်တွင်း နိုင်ငံရေးဆွေးနွေး ပွဲေ တွ၊ နိုင်ငံရေးအခမ်းအနားတွေ စာစောင်ထုတ်ဝေမှုတွေ စိပ်သ ထက် စိပ်လာလိုက်တာ၊ ရန်ုကုန်မှာလုပ်တဲ့ အခမ်းအနားတွေကို ထောင်တွင်းက သ ၀ဏ်လွှာတွေပို့တဲ့ထိ ဖြစ်လာပါတယ်။


သိတဲ့အတိုင်းအထဲမှာ နောက်ခံနိုင်ငံရေးရပ်တည်ချက်မျိုးစုံမို့ သ၀ဏ်လွှာတခုထုတ်မယ်ဆိုတော့ လည်းေ အာက်ဗ၊ အထက်ဗ၊ မဂသ၊ ဗကသ၊ ဒဂတ၊ အဲန်အယ်ဒီ၊ အေဘီ မြောက် ၊ အေဘီတောင်တွေကြား အားလုံး ယေဘုယျသဘော တူညီတဲ့ သဘောထားတခုရဘို့ ညိကြ ငြင်းကြနဲ့ ကျွန်တော်တို့တွေဟာ မနက်မိုး လင်း ကနေ ညနေထိ ၊ တနေ့တာ့ ပရိုဂရမ်တွေကြားမှာ ညထောင်ပိတ်ချိန်ထိ ချာချာလည် နေပါတော့တယ်။

အဲဒီလိုနဲ့ ၂၀၀၃ ခုထဲမှာ အရှိန်ကောင်းလာလိုက်တာ နောက်ဆုံး အထက် မြန်မာပြည်ခရီးစဉ်မှာတော့ အားလုံးလုံးဝမမျှော်လင့်တဲ့ ဒီပဲရင်းတိုက်ခိုက်မှုကြီးဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲ ကိုထည့်ထားလိုက်တာကအစ လျှို့ ၀ှက်သွင်းထားတဲ့ ရေဒီယိုလေးကနေတဆင့် အားလုံးသိနေရတာ မို့ ထောင် တွင်း နိုင် ငံရေးရေချိန်ကလည်း အမြင့်ဆုံးရောက်နေပါတယ်။

ထောင်နဲ့ကျွန်တော်တို့ကြားဆက်ဆံရေးကတော့ ချက်ချင်းတော့ပြောင်းမ သွားသေးပါဘူး။ ဒါကြောင့် ဇွန်လ ၁၉ ရက်မွေးနေ့ကို ထောင်ထဲမှာ အရှိန်မြှင့်ကျင်းပကြ ဘို့ စီစဉ်ခဲ့ကြပါတယ်။ အဲဒီချိန် မြောင်းမြထောင် နိုင်ငံရေး အကျဥ်းသားတွေထားတဲ့ တိုက်ခန်း တွေထားတဲ့ဝင်းနဲ့တဆက်ထည်းမှာ ကြိုးစင်နဲ့ သီးသန့်အကျဉ်း သားတွေ ထားတဲ့ သစ်သားဆောင်ကြီးတခုရှိပါတယ်။

အင်္ဂလိပ်ခေတ်က တရားမမှုတွေထားပြီး နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦး နုတို့၊ ဗိုလ်တထောင် ဦးထိန်လင်း တို့နေခဲ့ဘူးတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ လက်ထက်မှာတော့ အဆောင်လွတ်ကြီးတခုပါ။ မြန်မာပြည်က ဇရပ်အကြီးစားတခု လောက်ကျယ်ဝန်းတာမို့ နောက်ပိုင်း ကျွန်တော်တို့ နိုင်ငံရေးအကျဉ်း သားေ တွ ခေတ် ကောင်း လာချိန်တွေမှာ အဲဒီအဆောင်ကြီးက အစည်းအဝေးခမ်းမဖြစ်လာပါတယ်။ ဒီလို နဲ့ ဒေါ်အောင် ဆန်းစုကြည် မွေးနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာနဲ့ ကျင်း ပဘို့ ဆုံးဖြတ်မဲ့အေ ကြာင်း ထောင်အပြင်က မြောင်းမြ NLD အဖွဲ့ကို အကြောင်းကြား လိုက်တဲ့အခါ ၁၉၉၀ ခုရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရတဲ့ မြောင်းမြအမျိုးသားဒိမိုကရေစီအဖွဲ့ချူပ်အမတ် ဦးအောင်ကြင်ဆီကနေ အခမ်းအ နားအတွက် သုံး ဘို့ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ကော်ဖီမစ်ထုပ်တွေ လမ်းကြောင်းနဲ့ရောက်လာတဲ့အ ခါ အခမ်းအနားကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လာပါတယ်။ ပိုလည်းတက်ကြွ လာကြပါတယ်။

အဲဒီအချိန်က မြောင်းမြထောင်မှာရှိနေသူတွေက ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ပြီးမှ ပြန်နှုတ်ထွက်သွားတဲ့ ကိုဖြိုးမင်းသိမ်း၊ ကဗျာဆရာမောင်တင်သစ်၊ ကဗျာဆရာ ဘုန်းသက်ပိုင်၊ မဂသ ကျောင်းသားခေါင်းဆောင် ကိုအောင်မျိုးတင့်၊ အဲန်အယ်လ်ဒီပါတီက ကိုဇော်ထူးတို့ပါ။ တောင်ငူမြို့ဗလီကိုဖျက်သိမ်းတဲ့ကိစ္စကနေ အစိုးရက ဘာသာရေးအဓိကရုဏ်းဖန်တီးမှုနဲ့ ထောင်ကျလာတဲ့ အစ္စလမ်ဘာသာဝင်နိုင်ငံရေးအကျဉ်း သားအား လုံးကလည်း ငွေအား လူအားပါ တက်တက်ကြွကြွ ၀ိုင်းဝန်း တဲ့အခါမှာေ တာ့ ဒေါ်အောင် ဆန်းစုကြည်ေ မွးနေ့အဖြစ် ထောင်သားအားလုံး (အထူး သဖြင့် ထောင်ဆေးရုံက အကျဉ်းသားလူနာေ တွကို ထောင် တွင်းသီးနှံတွေနဲ့ အပြင်က ၀ယ်ခွင့်ရတဲ့ ငါးခြောက်ရိုးကို သီးစုံချဉ်ရည်ဟင်း ချက်ပြီး မွေးနေ့အမှတ် တရ ဝေငှ ဖြစ်ကြပါတယ်။ အခမ်းအနားကျင်းပချိန်မှာ အခမ်းအနားအပြင်အဆင်အတွက် အပြင် ကနေ ဒီချုပ်ရဲ့ အလံနဲ့ ၀ါးခမောက် ၂ လုံးကို တာဝန်ကျ ထောင်ဝါဒါတချို့နဲ့ ခိုးသွင်း လာပါ တယ်။ နောက်ခံ ပန်းချီကားကိစ္စ မှာတော့ ကျွန်တော့် တာဝန်ကျလာပါတယ်။

ထုံးစံအတိုင်း ပုံစံလုံချည်တကွင်းကိုဖြတ်ပြီး ဒေါ်အောင်းဆန်းစုကြည်ပုံတူ လိုင်းဆွဲ ပန်းချီတခု အမြန်ဖန် တီးပြီးနောက်မှာ ချိတ်ဆွဲ အလှဆင်ဖြစ်ပါတယ်။ မွေးနေ့ အခမ်းအနားကို အသေအချာပြင်ဆင်ရုံမက အလံအလေးပြုအစီအစဉ်ကိုပါ ထည့် သွင်းကျင်းပဖြစ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ အထူးခြားဆုံးကတော့ နိုင်ငံရေးသမား တွေနဲ့ အနေကြာလာပြီး နိုင်ငံရေးကိုစိတ်ဝင်စားလာတဲ့ ထောင်ဝါဒါတချို့ပါ တက်လာ ပြီး အလေးပြုအစီစဉ်တွေမှာပါ ပါဝင်အလေးပြု ကြတာပါပဲ။ ပြီးတဲ့အခါမှာ အမှတ်တရ စကားတွေပြောကြ အမှတ်တရကဗျာတွေရွတ်ကြ လောလောလတ်လတ် ဒီပဲရင်း လုပ်ကြံမှုကြီးရဲ့အရှိန်ကလည်းရှိနေတာမို့ အားလုံးဟာ ခါတိုင်းထက် ပိုလေးနက်နေကြ ပါတယ်။ နောက်ဆုံးမှာတော့ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီ သမာဓိစုစည်းပြီးအာရုံပြုကာ မိနစ် ၃၀ တိတိ အဆက်မြ ပတ် မေတ္တာ ဓာတ်ပို့ လွှတ်တဲ့ အစီစဉ်နဲ့ အခမ်းအနားကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီအခမ်းအနားက လည်း နောက်ဆုံး ထောင် တွင်းအခမ်းအနားပါပဲ။ အဲဒီအခမ်းအနားအပြီး လပိုင်းအကြာမှာ တစ တစ ထောင်နဲ့ ကျွန်တော်တို့ကြား ဆက် ဆံရေး တင်းမာလာလိုက်တာ နောက်ဆုံး မြောင်းမြထောင်တွင်းဆူပူမှုဖြစ်ပြီး စစ်တပ်ပါရောက် လာပြီး ထောင်ေ မျှာ်စင်ပေါ်တွေ ကနေ ပစ်ကြခတ်ကြတဲ့အခြေအနေကြီးေ ရာက်ပြီးတဲ့အခါ မှာတော့ ထောင်ထုံး စံအ တိုင်း နားရွက်တောင်ခတ်လို့မရ၊ ချောင်းတောင်ကျယ်ကျယ်ဆိုးမရတဲ့ အဆိုးဆုံးအ ခြေအနေ ကို ပြန် လည်ေ ရာက်ရှိ သွားလိုက်တာ ၂၀၀၄ နှစ်ကုန် ကျွန်တော်ထောင်က လွတ်တဲ့နေ့ ထိပါ။

ဒီပုံကတော့ ထောင်တွင်းမွေးနေ့ပွဲအခမ်းအနားလေးမှာ ချိတ်ဆွဲဘို့ အခမ်း အနားပြင်ဆင်ရေးကော်မီတီ (အမှန်ေ တာ့ အဖွဲ့ဝင်တယောက်ထဲပါ) ကျွန်တော်ရဲ့ ဖုတ်ပူမီးတိုက်ပန်းချီ လက်ရာလေးပါ။ ပိတ်စပေါ် အိမ်သုတ်ေ ဆးကြဲကြဲနဲ့ ဆွဲရတာမို့ ဆေးသားလေးတွေဘေးပြန့်ပြီး ကပိုကရိုနဲ့ မထည်ဝါလှသော်လည်း ရှိတာနဲ့ ဖြစ် အောင် လုပ်ခဲ့ရတဲ့ အလုပ်လေးဖြစ်ပြီး အောင်အောင်မြင်မြင် ထောင်ပြင် ခိုးထုတ်ထား နိုင်ခဲ့တာမို့ ယနေ့ တိုင် မြတ်ြ မတ်နိုးနိုးသိမ်းထားဖြစ်ခဲ့ပါတယ်။

၁၉၈၈ အရေးတော်ပုံ ၊ အန္ဒိယ နယ်စပ်စခန်း၊ တောတွင်းတော်လှန်ရေးစခန်း ၁၉၈၈ လွန် တက္ကသိုလ်ေ ကျာင်းသားလှုပ်ရှားမှု၊ ထောင်တွင်းလှုပ်ရှားမှု စတဲ့ကာလ တလျှောက် တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးအ ကျဉ်းသား ရဲဘော်တွေရဲ့ကြားထဲ ပြေးလွားရင်း၊ ပေါက်တတ်ကရ ပြောရင်း လုပ်ရင်း ၊ အနုပညာပညာ သည် တေ ယာက်ဖြစ် လာတဲ့ကျွန်တော်အဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူကို အကြောင်းအရာမျိုးစုံနဲ့ အ ကြိမ်ပေါင်း များစွာ ရေးဆွဲခဲ့ရပါတယ်။ တောတွင်းစာစောင်၊ ထောင်တွင်းစာစောင်၊ နယ်စပ်စာေ စာင်၊ နောက် အခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ကြတဲ့ နိုင်ငံသား /နိုင်ငံခြားသား မိတ်ဆွေတော်ေ တ်ာမျာများအတွက် ရေးဆွဲခဲဘူးတဲ့ ကောက်ကြောင်းပုံတူပေါင်းများစွာ ရေးဆွဲခဲ့ရဘူးပါတယ်။ နောက်ပိုင်း မရည်ရွယ်ပဲ ပြည်ပကိုရောက်လာတဲ့အခါ Prospect Burma ပညာသင်ထောက်ပံ့ရေးအဖွဲ့ကလုပ် တဲ့ ရံပုံငွေပွဲရှာပွဲမှာ ပုံတူတပုံလောက်လိုချင်တယ်ဆိုတဲ့ အကြောင်းသိလာရာက နှစ် စဉ်မပျက် ပန်းချီပုံ တပုံ ရေးဆွဲပေးဖြစ်ခဲ့ပါတယ်။

တကယ်တမ်းရိုးရိုးသားသားပြောရရင် ကျွန်တော်ဟာ ပန်းချီကို စနစ်တကျ လေ့လာလေ့ကျင့်သင်ကြားခဲ့ပြီးဖြစ် လာတဲ့ ပန်းချီဆရာမဟုတ်တဲ့အပြင် လူပုံတူထက် တခြားပုံပျက်တဲ့ ပုံသဏ္ဍာန်တွေဖော်ကျူးဘို့ကိုသာ အမြဲစိတ်ပါနေသူတယောက်မို့ လူပုံတူဆွဲရတာ တော်တ်ာတော့ တာဝန်ကြီးပါတယ်။ အထူး သဖြင့် ဒေါ်အောင် ဆန်း စုကြည်ပုံတူဆွဲရတာ ပိုတာဝန်ကြီးပါတယ်။ ကျွန်တော့်ဝသီအရ ခံစားမှုကိုဖော်ပြတဲ့ အရောင်ပြင်း (သို့) စုတ်ချက်တခုခုကို ထိမ်းထားတဲ့ကြားက မထည့်ပဲမနေနိုင်တာမို့ ကျွန်တော်အကြိုက်ဆုံးဒေါ်စုပုံတူဟာ တခြားလူတွေနှစ်သက်တဲ့ ပုံမဖြစ်တာများပါ တယ်။

ဒါပေမဲ့ Propest Burma ဆိုတာ အန်တီစုရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရတဲ့ ငွေ နဲ့မတည်ပေးထားတဲ့ အင်မတန် အရေးကြီးတဲ့အဖွဲ့ဖြစ်တယ်ဆိုတဲ့အသိကြောင့် ထင် ရာလုပ်တဲ့ သူပုန်စိတ်ကို ဒေါ်စုပုံတူတွေဆွဲတဲ့နေရာမှာ ခွန်းအုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အတတ်ပညာပိုင်းဆိုင်ရာ ချို့တဲ့တဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည်ပုံ တူအနုပညာတွေဖန်တီးဖြစ်နေတာကတော့ သူ့ရဲ့ ပြည်သူအပေါ်ထား တဲ့ စေတနာ၊ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်ကျင့်သီလ၊ ဉာဏ်ပညာတို့အပေါ် လေးစားကြည်ညိုစိတ် ကြောင့်ပဲဖြစ်ပါတယ်။

ဒီလိုနဲ့ ဒီနှစ်ရောက်လာတဲ့အခါ မွေးနေ့အနီးဇွန်လ ၁၆ ရက်မှာလုပ်မဲ့ ရံပုံ ငွေပွဲလုပ်ဘို့ ပန်းချီကားေ တာင်းလာတဲ့အခါမှာတာ့ သေသေချာချာအချိန်ယူပြီး အင် တာနက်မှာ ဓာတ်ပုံရှာဖွေသလို၊ ဗီဒီယိုရိုက်ထား တဲ့ လောလောလတ်လတ် မိန့်ခွန်း တွေကိုပါ အချိန်ယူနားထောင်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုနားထောင်ရင်း သတိပြုမိလာတာ ကတော့ ခုတဖန်ပြန်လည်လွတ်မြောက်လာတဲ့ လူထုခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ရဲ့ မေတ္တာဓာတ်ပါပဲ။ သူ့အသံတွေ၊ မျက်လုံးအိမ်အကြည့်တွေထဲမှာ ထူးထူးကဲ ကဲခံစားရတာ ကတော့ အေးမြ တဲ့မေတ္တာဓာတ်ပါ။ ဒီဓာတ်ကြောင့်ပဲ ကျွန်တော် ဒီနှစ် အန်တီပုံတူမှာေ တာ့ အေးအေးဆေးဆေး အချိန်ယူပြီးေ ကာက်ကြောင်းချ (ဆွဲခဲ့သမျှ ပုံတူတွေကိုမှာ ဘယ်တုန်းကမှေ ကာက်ကြောင်းမချခဲ့ပဲ စုတ်နဲ့ သို့လက်ချောင်းနဲ့ စိတ် ထဲရှိသလို အဆက်မပြတ် ဆွဲချတဲ့နည်းကို ကျောခိုင်းလိုက်ပါတယ်။) တဆင့်ချင်း အေးအေးဆေးဆေး ဆွဲခဲ့ပြီး ဆွဲခဲ့တဲ့ပုံလေးတွေကိုလည်း တဆင့်ချင်း မှတ်တမ်းဓာတ် ပုံလေးတွေပါ ရိုက်ထားလိုက်နိုင်ပါတယ်။ ဒီပုံဆွဲနေရင်း တရက်မှာတော့ ဇနီးလုပ်သူက သူ့မိဘများလက်ထက်က ကျန်ခဲ့တဲ့အမွေပစ္စည်းေ တွ မောင်နှမ များနဲ့ ခွဲယူရာက ဒေါင်းတောင်တွေနဲ့ယပ်တောင်ဝိုင်းကြီးနှစ်ခု တိုက်တိုက်ဆိုင်ဆိုင်ယူလာေ တာ့ ဒေါင်း တော င်တွေနုတ်ပြီး ပန်းချီကားက ဒေါ်စုခေါင်းနောက်မှာကပ်လိုက်ရရင်ေ တာ့ တော် တော်ကောင်းမှာပဲဆိုပြီး စကားေ ခ်ါကြည့်လိုက်တော့ အလွယ်တကူပဲရလိုက်တာမို့ ယပ်တောင်က ဒေါင်းတောင်ေ တွနုတ်ပြီးကပ် လိုက်ေ တာ့ ဒေါင်းတောင်တွေနဲ့ဝေလို့ ပြောလို့ရတဲ့ ပန်းချီကားလေးတခုဖြစ်လာပြီး Prospect Burma ကို လှူဒါန်းဖြစ် ခဲ့ပါ တယ်။

အဲဒီကားလေးဆွဲဖြစ်တုန်းက ဓါတ်ပုံများ။

ကိုရစ်က မွေးနေ့ကိစ္စပြောလာတဲ့အခါ ပထမဆုံးပေါ်လာတာကတော့ ဆွဲ ထားတဲ့ ပုံတူ ပန်းချီလေးကို ပဲပေးလိုက်ဖို့ပါ။ အခုလို အမှတ်တရစာရေးဖြစ်တာကတော့ ကြုံခဲဖူးတဲ့မွေးနေ့တွေထဲမှာ ထူးထူးခြားခြား ထောင် သားေ တွတင်မက ထောင်ဝါဒါ တချို့ ပါဝင်နွှဲခဲ့ဘူးတဲ့မွေးနေ့လေး အကြောင်း ဝေငှချင်လို့ပါ။

မြောင်းမြထောင်ပြောင်းရွေ့မခံရခင် မန်းထောင်မှာနေခဲ့ရစဉ်က နိုင်ငံရေး အကျဉ်းသား ဦးဂျပန်ခေါ် ဦးတင်ဝင်းနဲ့ တွေ့ဆုံခင်မင်ခွင့်ရခဲ့ဘူးပါတယ်။ သူ့အမှုအ ကြောင်းမေးတော့ မင်္ဂလာပါ၊ ကျန်းမာပါစေမှုလို့ သူကပြောပါတယ်။ လူတိုင်းက နားမ လည်လို့ သေချာရှင်းပြခိုင်းတော့ ”ခြံရှေ့တရားပွဲတွေမှာ ရှေ့ဆုံးကသွား နားေ ထာင် ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့အော်ခဲ့လို့” လို့ ပြောပါတယ်။ (ထောင်ချီ နေတဲ့ လူအုပ်ထဲသူ့ကိုမှ ရွေးပြီးထာင်ချရလောက်အောင် သူဘယ်လိုအော်ခဲ့လို့လည်း တော့ မသိပါဘူး။) ဦးဂျပန်က ပါတီဝင်လည်းမဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ ဒေါ်အောင် ဆန်းစုကြည်ကို လေးစားချစ်ခင်ကြည်ညိုတဲ့ သာမာန်နိုင်ငံသားတဦးပါပဲ။ ဒီတခုနဲ့ ထောင်ထဲမှာ ရ နှစ်ဖြတ်သန်းခဲ့ရပါတယ်။ ဒီလိုဖြစ်သန်းခဲ့ရပေမဲ့ ဦးဂျပန်က သူ့ကိုယ် သူနောင်တမရပါဘူး။ ခုလိုထောင်ကျလာတဲ့အတွက် တကယ့်နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ် တွေနဲ့ ရင်းနှီးခင်မင်ပြီး ပိုပြည့်စုံခိုင်မာတဲ့ နိုင်ငံရေးအမြင်ရခဲ့စေတယ်လို့ခံယူပြီး ကိုယ့် ကိုကိုယ် ကျေေ ကျနပ်နပ်နဲ့ ထောင်ထဲ ပျော်ပျော်ကြီးနေသွားပါတယ်။ ဒေါ်စုမွေးနေ့ ဆို ကဗျာတွေ သီချင်းတွေဆိုကြတဲ့ အခါ ရှေ့ဆုံးကပါ။ သူ့ရဲ့ထောင်ကျတာကို ရဲရဲ ကြီးခံယူပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်လေးစားမှု ကို ဖော်ပြ သွားခဲ့ပုံဟာ ကျွန့်တော်ဘ၀တသက်မှာတော့ မေ့နိုင်စရာမရှိပါဘူး။

လက်ရှိ အကျဉ်းထောင်တွေထဲမှာကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက လည်း သူတို့လက်ရှိရထား တဲ့ ထောင်တွင်းအခြေအနေတွေပေါ်လိုက်ပြီး ခြောက် ဆယ့် ခြောက်နှစ်မြောက်မွေးနေ့ကို ရတဲ့နည်းနဲ့ကျင်း ပနေလိမ့်မယ်လို့ သေချာပေါက် ယုံကြည်မိပါတယ်။ ဒါကတော့ အားလုံးကခေါ်ကြတဲ့ အမေစုရဲ့ ၆၆ နှစ် မြောက်ေ မွးနေ့ မှာ အမေ့ကိုချစ်မြတ်နိုးလေးစားကြည်ညိုကြတဲ့ သန်းပေါင်းများစွာသော ကမ္ဘာ့ပြည် သူလူထုကြီး ထဲက အစက်လေးတစက်ဖြစ်တဲ့ အနုပညာသမားတဦးရဲ့ မွေးနေ့အ မှတ်တရပေါ်လာတဲ့ သတိရအောက်မေ့ချက်မျှသာဖြစ်ပါတယ်။ သို့ပေမဲ့ အဲဒီလိုသန်း ပေါင်းများစွာထဲက အစက်လေးတ စက်ဖြစ်ခွင့် ရတာ ကိုယ့်ကိုကိုယ် ကျေနပ်မဆုံးဖြစ် ရပါတယ်။

ဒါကြောင့် ထူးထူးခြားခြားအမေ့မွေးနေ့ကို အမေကိုယ်တိုင်ဆင်နွှဲခွင့်ရတဲ့ ၆၆ နှစ်မွေးနေ့မှာ အမေသက်ေ တ်ာရှည်ပါစေ၊ ကျန်းမာပါစေ။ အမေချစ်သော ပြည်သူ လူထု၏ တခဲနက် လေးနက်သောထောက်ခံအားပေး ကူညီ ပြာင်းလဲမှုနှင့် အတူတကွ ဒီမိုကရေစီနိုင်ငံတော်သစ်မှာ ဆက်လက်ဦးဆောင် မှုတွေ ပေးနိုင်ပါစေ လို့ဆုေ တာင်း လိုက်ပါတယ်ခင်ဗျာ။

● ● ●

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts