>Song Contest at NLD HQ celebrating Suu 66

>

(Sagaing Division – NLD Members)


(Bago Division – NLD Members)
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ဂီတပြိုင်ပွဲ အန်အယ်လ်ဒီရုံးတွင် ကျင်းပ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၀၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရွှေဂုံတိုင် အန်အယ်ဒီရုံးချုပ်တွင် ဂီတပြိုင်ပွဲ ယနေ့ စတင်ကျင်းပရာ ပြည်နယ်နှင့် တိုင်းများမှ အန်အယ်လ်ဒီ အဖွဲဝင်များ ရန်ကုန်တိုင်း မြို့နယ်အချို့မှ အဖွဲ့ဝင်များက ၄င်းတို့ စပ်ဆိုထားသည့် တေးသီချင်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင်စတင်ပြီး ကရင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တာမွေမြို့နယ်၊ ရှမ်းပြည်နယ်၊ ကွမ်းခြံကုန်း အစရှိသည့် အဖွဲ့နှင့် တစ်ဦးချင်းစီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဂီတပြိုင်ပွဲသို့ လာရောက်သူ အနည်းဆုံး ၅၀ ကျော်ရှိပြီး နေ့လည်တွင် အန်အယ်ဒီ လူမှုကွန်ရက် ၏ ရံပုံငွေ အစားအစာရောင်းချခဲ့သည်ကိုတွေ့ရသည်။
(Karen State – NLD Members)
ယခုဂီတပြိုင်ပွဲတွင် အကဲဖြတ် အဖွဲ့ဝင်များအဖြစ် တေးရေးဆရာ ကိုရဲလွင်၊ အက်စစ်အဖွဲ့မှ ကိုဇေယျာသော်၊ ကိုတိုးလွင်တို့ ပါဝင်ကြသည် ကိုလည်းတွေ့ရသည်။


နေ့ခင်း ပိုင်းတွင် ကိုဇေယျာသော်ကလည်း ဟစ်ဟော့သီချင်းတပုဒ် ဖြင့်ဖြေဖျော်ခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts