>Maung Swan Yi – Poems, SUU 66

>

မွေးနေ့သစ္စာ ဆုမွန်လွှာ
(နှမငယ် အောင်ဆန်းစုကြည်သို့)
မောင်စွမ်းရည်
ဇွန် ၉၊ ၂၀၁၁


ငါတို့နှမ

နှောင်အဖွဲ့က လွတ်ရပြန်ပြီ
သည်တချီ။

သူလွတ်သော်ငြား
တခြားရဲဘော်၊ လုပ်ဖော်ကိုင်ဘက်
မထွက်သမျှ၊ မပျော်လှ .. တဲ့။

သူလွတ်သော်ငြား
အများပြည်သူ၊ လူအပေါင်းက
နှစ်ပေါင်းငါးဆယ်၊ ခြောက်ဆယ်အတွင်း
ကိုယ့်မင်းကိုယ်ချင်း၊ စစ်ဗိုလ်မင်းက
ကိုယ့်ပြည်အတွင်း
ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်ရွာအတွင်း
ထောင်သွင်းခံရ၊ သည်ဘ၀ကို
လွတ်မှပျော်အံ့၊ သစ္စာဆန့်ခဲ့
မေတ္တာပြန့်လျက်၊ မတန့်မနား
အားကြိုးမာန်တက်၊ ခရီးဆက်
အားလုံးအတွက် အားလုံးအတွက် …တဲ့။
စုမွေးနေ့
သည်ယနေ့မှ၊ နေ့ပေါင်းများစွာ
မိုင်ပေါင်းများစွာ၊ ရှေ့မှာတိုက်ပွဲ
တူဆင်နွဲအံ့၊
တိုက်ပွဲတရာ သာစေသတည်း။
တိုက်ပွဲတထောင် အောင်စေသတည်း။
တိုက်ပွဲတသိန်း ဟိန်းစေသတည်း။
အောင်ပွဲသိမ်း၊ ငြိမ်းချမ်းစေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts