>MAI to Launch Rgn-Seoul Direct Flight Service ‎


>

MAI လေကြောင်းလိုင်း ကိုရီးယားကိုလည်း ပြေးမည်
Xinhua
ဇွန် ၅၊ ၂၀၁၁


MAI လေကြောင်းလိုင်းက လစဉ် ကိုရီးယားခရီးသည် တထောင်ခန့်ရနိုင်ချေရှိသည့် ရန်ကုန်-ဆိုးလ် ခရီးစဉ်ကို ပျံသန်းရန် စီစဉ်နေသည်ဟု ယနေ့ထုတ် ပေါ်ပြူလာဂျာနယ်တွင် ရေးထားသည်။
လာမည့် စက်တင်ဘာတွင် စတင် ပြေးဆွဲဖွယ်ရှိသည်ဟု ဆိုသည်။

တောင်ကိုရီးယား၏ Onnuri ခရီးသွား ကုမ္ပဏီက ခရီးသည်ရရှိရေး ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို ပြီးခဲ့သည့်လက နေပြည်တော်တွင် Myanmar Travel Syndicate နှင့် လက်မှတ်ထိုးထားသည်။

ဤအတောအတွင်း MAI က ရန်ကုန်မှ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယားတို့ကို ပြေးနေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts