>
အမေရိကန်အမတ် မက်ကိန်းက အမျိုးသားရင်ကြားစေ့ရေးနှင့် အင်န်အယ်ဒီတရားဝင်ရပ်တည်ခွင့် တိုက်တွန်း
မိုးမခ၊ ဇွန် ၄၊ ၂၀၁၁
ယမန်နေ့က ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သော အမေရိကန်ဧည်သည်တော် ဆီနိတ်တာမက်ကိန်း၏ သတင်းထုတ်ပြန်ချက်တွင် ကုလလူ့အခွင့်အရေးကောင်စီက တိုက်တွန်းချက်များနှင့်ထပ်တူ မိမိတို့ သဘောထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမျိုးသားရင်ကြားစေ့ရေးကို ဒီမိုကရေစီ နည်းကျ ဆောင်ရွက်ရန်၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးကြရန်၊ တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီ၊ အတိုက်အခံခေါင်းဆောင်များ၊ တိုင်းရင်းသား လူနည်းစုများ အားလုံးပါဝင်မှသာ တရားနည်းလမ်းကျဖြစ်ဖြစ်ကြောင်း နှင့် အင်န်အယ်ဒီပါတီကို တရားဝင်ပါတီအဖြစ် မူလကတည်းက သတ်မှတ်ထားသည့်အတိုင်း ဆက်လက် အသိအမှတ်ပြုသွားရန် တို့ကို တိုက်တွန်းနှိုးဆော်သွားသည်။
မြန်မာဘာသာပြန် အပြည့်အစုံကို သည်နေရာမှာ ရယူ ဖတ်ရှုနိုင်ပါသည်။



