>Suu and Opposition Leaders met with John McCain in Rangoon

>

ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနှင့် အမေရိကန်အမတ် မက်ကိန်းတွေ့ဆုံ
ဓာတ်ပုံသတင်း
မိုးမခ၊ ဇွန် ၃၊ ၂၀၁၁
မြန်မာပြည်သို့ ၃ ရက် ခရီးစဉ် ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ယမန်နေ့က ရန်ကုန်မြို့ရှိ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များနှင့် အသီးသီး တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် တွေ့ဆုံ စကား ပြောဆိုခဲ့သည်ဟု ဆိုသည်။
Yangon Press International ၏ သတင်းများအရ
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် အမေရိကန်အနေဖြင့် ဆက်လက်ေ ထာက်ခံအားပေး သွားမည်ဟု မက်ကိန်းက ပြောဆို သွားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားများကို ပြန် ပြောပြသည်။


သို့သော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အတွက် မက်ကိန်း တစ်ခေါက်လာရုံ၊ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ရုံနှင့် ဖြစ်လာမည် မဟုတ်ဘဲ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးမှာ ပြည်သူ လူထုပေါ်တွင်သာ မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောပြသည်။
“ဗမာပြည်ရဲ့ နိုင်ငံရေးခရီးက အန်တီတို့နဲ့ သံတမန်တွေနဲ့ တွေ့တဲ့အပေါ်မှာ မူမတည်ဘူး။ ပြည်သူလူထုတွေပေါ်မှာပဲ မူတည်တယ်။ အန်တီတို့ သံတမန်တွေနဲ့ တွေ့တယ်ဆိုတာက နိုင်ငံရေးခရီးရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ တကယ့်နိုင်ငံရေးခရီးကို လျှောက်ရမယ့်သူတွေက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေပဲ။ အဲဒီတော့ အဲဒီခရီးဟာ ဘယ်လိုပုံစံသွားမယ်ဆိုတာ နိုင်ငံသားတွေကပဲ ဆုံးဖြတ်ရမယ်။”

မြန်မာ-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်ပြီး သတင်းသမားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို မေးမြန်းရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-အမေရိကန်ဆက်ဆံရေးကို စဉ်းစားရာတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် အမေရိကန်အစိုးရဆက်ဆံရေး၊ မြန်မာအစိုးရနှင့် အမေရိကန် အစိုးရ ဆက်ဆံရေးဟူ၍ နှစ်မျိုးနှစ်စား စဉ်းစား ကြည့်ရမည်ဖြစ်ကြောင်း ယခုလို ပြန်လည် ဖြေကြားသွားသည်။
“ကျွန်မအမြင်မှာတော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကတော့ မဆိုးပါဘူး။ ကောင်းတယ်လို့ ဆိုရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ လူ့အခွင့်အရေး ကိစ္စအတွက် လှုပ်ရှားပေးတာကို။ ကျွန်မတို့ ဒါကို တန်ဖိုးထားတယ်။ ဒါကို သဘောကျတယ်။ ဒါကို ကျေးဇူး တင်တယ်။ အစိုးရနဲ့ (အမေရိကန်) ဆက်ဆံရေးကတော့ အစိုးရ အချင်းချင်းကြားမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
မက်ကိန်းသည် လွန်ခဲ့သော ၁၅ နှစ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးပြီး ယခုအကြိမ်သည် ၄င်း၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။ သူပါဝင် ယှဉ်ပြိုင်သည့် ရီပတ်ဗလစ်ကင် ပါတီမှာ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်လျင် သမ္မတ အိုဘားမား ခေါင်းဆောင်သည့် ဒီမိုကရက်တစ် ပါတီထက် ပိုမို တက်ကြွသည့် သဘောထားမျိုးရှိပြီး မက်ကိန်းတစ်ဦးချင်း အနေဖြင့်လည်း မြန်မာ့ ဒီမိုကရေစီ အရေးကို ပိုမိုစိတ်ဝင်စားသလို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း ပုဂ္ဂိုလ်ရေးအရ လေးစားမှု ရှိသူဖြစ်သည်။
(ဓာတ်ပုံ – အင်န်အယ်ဒီ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts