>Ko Moe Pwint Thit – Foxlingo for Fox Users

>

မီးလျံမြေခွေးသမားတွေအတွက် တိုလီမိုလီလေးတွေ
ကိုမိုး၊ ပွင့်သစ်
မေ ၃၁၊ ၂၀၁၁
Firefox user တွေအသုံးတည့်မယ့် အခမဲ့ Add-on လေး ဝေငှချင်ပါတယ်။  Foxlingo – Translator/Dictionary 2.7.2  ပါ။ ကိုယ်သိချင်တဲ့ စကားလုံးအဓိပ္ပါယ်ကို ကီးဘုတ်ပေါ်က Ctrl နဲ့  mouse ကို right click  နှိပ်ရုံနဲ့  ဘာသာစကား (၇၄) မျိုးအထိ ဘာသာပြန်ပေးပါတယ်။ Dictionary စာအုပ်တွေ အမှိုက်ပုံးထဲ ထည့်လို့ ရပါပြီ။
ဒီ Add-on လေးက ဘာသာပြန်ပေးရုံမက Wikipedia English နဲ့ ပါ တွဲဖက်ပြီး စွယ်စုံကျမ်းအနက် အဓိပ္ပါယ်တွေပါ ရှာဖွေပေးပါတယ်။ ဘာသာ (၇၅) မျိုး ဘာသာပြန်ပေးတဲ့ Babylon software က တလ ကို $9.99 ဈေးခေါ်နေတဲ့ အချိန်မှာ ဒီ အခမဲ့ Add-on လေးက အဖိုးမဖြတ်နိုင်တဲ့ အဖွားပါပဲ။
 မြန်မာလို ဘာသာပြန်ပေးမဲ့ dictionary တော့ ဒီ Add-on မှာ လောလောဆယ် မတွေ့ မိသေးပါဘူး။ မကြာခင်မှာ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ (မြန်မာပြည်က ကွန်ပျူတာပညာရှင်တွေ Babylon software တွေထဲမှာ ပဒုမ္မာမြန်မာအွန်လိုင်းဒစ်ရှင်နာရီ ( Eng-Burmese dictionary) တီထွင်ထည့်သွင်းခဲ့ဖူးပါတယ်။) one time contribution ဆိုပြီး ၅ဒေါ်လာ အလှူခံပါတယ်။ မလှူချင်လဲရပါတယ်။ Babylon အသုံးပြုဖို့ crack တွေ patch တွေနဲ့  နပမ်းလုံးနေရသူတွေ အမောပြေစေမယ့် Add-on ပါ။
ဒီမှာ download လုပ်လို့ ရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts