>20th 2011, Q & A With Suu

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
မေ ၂၀၊ ၂၀၁၁ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်

● မေးသူ ။ ။ ကိုထိန်လင်း၊ (Burma Democratic Concern အဖွဲ့ဝင် – လန်ဒန်)။
● မေးခွန်း ။ ။ မင်္ဂလာပါ အန်တီ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ။ မြန်မာပြည်မှာ သိသာတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးရဲ့လက္ခဏာအဖြစ် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို အားလုံးလိုလားကြပါ တယ်။ ကျနော်တို့ (Burma Democratic Concern) မှလည်း အန်တီတို့ရဲ့ သြဝါဒ အောက် မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို လုပ်ဆောင်နေ ပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပဲ တနှစ်ပဲ လျှော့လိုက်ပါတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ် သက်ပြီး အန်တီ့ရဲ့သဘောထားကို သိချင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါ တယ်ခင်ဗျာ။
● အဖြေ ။ ။ လွှတ်မယ့်အကျဉ်းသား တသောင်းကျော်ထဲ မှာ နိုင်ငံရေးအကျဉ်းသား က လေးဆယ်တောင် မပြည့်ဘူးလို့ ကြားရပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ အခုအထိ အသေအချာလွတ်လာ တဲ့ နှစ်ထောင်နဲ့ကိုး ဆယ့်ခြောက်ရောက်ထဲမှာတော့ နိုင်ငံရေး အကျဉ်းသား က ကိုးယောက်ပဲပါတယ်လို့ သိရပါတယ်။ ဒါဟာ အန်တီတို့လိုချင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုးမဟုတ်ပါဘူး။ ဒါ့ကြောင့် အခု အစိုးရသစ်က တကယ်ပဲ ဒီမိုကရေစီ လိုလားမှုရှိ မရှိတာကလည်း စဉ်းစားစရာဖြစ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက် လက်မှတ်ထိုးရေး လှုပ်ရှားမှုကို အရှိန်အဟုန်နဲ့ တိုးပြီးတော့ လုပ်ပေးစေချင်ပါတယ်။

…. ….. …..

● မေးသူ ။ ။ မစန်းစန်းသစ် (ဂျပန်နိုင်ငံ)
● မေးခွန်း ။ ။ အန်တီစုရှင့်။ ကျမ စန်းစန်းသစ်ပါ။ အန်တီစုကို မေးချင်တာလေး ရှိလို့ပါ။ ဟို ဒီပဲယင်းမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ နစ်နာ ခဲ့ရသူတွေအတွက် လျော်ကြေးပေးဖို့ အစိုးရဘက်က သဘောတူထားခဲ့ပြီးမှ ကတိပျက်သွားခဲ့ရတယ်ဆိုတာ သိရပါတယ်ရှင်။ NLD ပါတီ အနေနဲ့ရော အဲဒီ နစ်နာသူတွေ အတွက် တစုံတရာ ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါသလား ဆိုတာကို သိပါရစေရှင်။ ကျေးဇူးအများကြီး တင်ပါတယ်။ အန်တီ စု ကျန်းမာပါစေလို့လဲ ဆုတောင်းပါတယ်ရှင်။
● အဖြေ။ ။ ဒီပဲယင်းမှာ အသက်ဆုံးရှုံးခဲ့သူတွေ နစ်နာခဲ့သူတွေနဲ့ ပတ်သတ်လို့ အဖွဲ့ချုပ်ဝင်တွေက အချင်းချင်း တတ်နိုင်သလောက် ကူညီပေးကြတယ်လို့သိရပါတယ်။ အန်တီနဲ့ ပြောဆိုဆွေးနွေးတာတွေမပျက်သွားခင်က တချို့ကိစ္စတွေကို အာဏာပိုင်တွေကလည်း လုပ် ပေးတာ ရှိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာတော့ အန်တီလည်း NLD နဲ့ အဆက်ပြတ်နေလို့ ကိုယ်တိုင်လိုက်မလုပ်နိုင်ခဲ့ပါဘူး။ လုပ်စရာရှိ တာတွေကျန်နေရင် လုပ်ဖို့ သတိပေးလိုက်သလို ဖြစ်နေတဲ့ သမီးရဲ့ပြောပြချက်အတွက် ကျေးဇူးတင်ပါတယ်။ အသေအချာ ပြန်ပြီးေ တာ့ စုံစမ်းပါမယ်။

…. …. …..

● မေးသူ။ ။ ဦးလှိုင်အေး (ဂျပန်နိုင်ငံ)
● မေးခွန်း။ ။ အမခင်ဗျာ။ ကျနော် တိုကျိုမြို့က မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးလှိုင်အေးဖြစ်ပါတယ် ခင်ဗျာ။ ကျနော် မေးချင်တဲ့ မေး ခွန်းကတော့ ဒီ NLD ရဲ့ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ချက် ကို ကျောခိုင်ြး ပီးတော့ သီးခြားပါတီထောင်တဲ့ ပုဂ္ဂိုလ်များကို အဖွဲ့ကို အမအနေနဲ့ ဘယ်လို သဘောထားပါသလဲ ခင်ဗျာ။ အဲဒီအဖွဲ့ဟာ NLD က ၁၉၉၀ ခု ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမှတ်တံဆိပ် ခမောက်တံဆိပ်ကို သုံးစွဲနေတာ လည်း အမအနေနဲ့ ဘယ်လိုသဘောထားပါသလဲခင်ဗျာ။ အဲဒါလေးကို ကျနော်တို့ အများပြည်သူသိအောင် လို့ ဖြေကြားပေး စေချင်ပါတယ်
● အဖြေ ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို NLD က တရားဝင် ဖြေရှင်းထားတဲ့အတိုင်း ကျမ လည်း မြင်ပါတယ်။ ဒီမိုကရေစီမူအရ လူတိုင်းဟာ ကိုယ့်ဆန္ဒနဲ့ ကိုယ်ရှိတာကို လက်ခံသလို ဒီမိုကရေစီ ကျင့်စဉ် အရ အများစုရဲ့ဆုံးဖြတ်ချက်ကို လူနည်းစုက လေးစားလိုက်နာရမှာ ဖြစ်တယ်လို့ ယုံပါ တယ်။ ခမောက်ပုံကို အများပြည်သူက NLD နဲ့ ဆက်စပ်ပြီး မြင်ကြတာမို့ NLD နဲ့ ဆန့်ကျင်တဲ့လမ်း ရွေးပြီး ဒီခမောက် တံဆိပ်ပဲ သုံးတာကတော့ ပြည်သူကို ဇဝေဇဝါဖြစ်စေလို့ မသင့်လျော်ဘူးလို့လဲယူဆပါတယ်။

…. …. …..

● မေးသူ ။ ။ မထွေးထွေး (မန္တလေး)
● မေးခွန်း။ ။ အန်တီစုကို ကျမ မေးခွန်းလေးတခု မေးချင်ပါတယ်ရှင့်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အန် တီစု NDF နဲ့ လက်တွဲဖို့ စိတ်ကူးရှိပါသလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
● အဖြေ ။ ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြောင်း စတင်ပြီးတော့စဉ်းစားဖို့ အခြေနေတွေ မပေါ်ပေါက်သေး တာကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း အန်တီတို့ မစဉ်းစားသေးပါဘူး။

…. …. …..

● မေးသူ။ ။ ကိုသက်ခိုင် (ထိုင်းနိုင်ငံ)
● မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ။ ကျနော်ကတော့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေတဲ့ သက်ခိုင်လို့ ခေါ်ပါတယ်ခင်ဗျာ။ အခု ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်မေးချင်တဲ့ကိစ္စက ကျနော် တို့ မြန်မာပြည် က ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ လည်းရှိ တယ်။ မလေးရှားမှာလည်း ရှိတယ်။ ကျန်တဲ့ နိုင်ငံတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီတော့ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားစုကြီးဟာ တိုင်းပြည်ပြင်ပ ကို ရောက်နေတဲ့ အခါကြတော့ နောင်တချိန် လာမယ့်အနာဂတ် ဆယ်နှစ် အနှစ်နှစ်ဆယ်ကြလို့ရှိရင် တိုင်းပြည် မှာ ဒီမျိုး ဆက်တွေကုန်လာတဲ့အခါကြလို့ရှိရင် အလုပ်သမားရှားပါးတဲ့ ပြဿနာတွေရှိလာသလို တိုင်းပြည်ရဲ့ စစ်တပ် အတွက်တောင်မှ စစ်မှုထမ်းမယ့် လူငယ်လူရွယ်တွေမရှိလို့ ကလေးသူငယ်တွေကအစ လိုက်ဖမ်း ဆီးပြီး စစ်တပ်ထဲသွင်းနေရတဲ့အနေအထားမျိုးတွေရှိတယ်။ ကျနော် တို့ စိုးရိမ်တာတခုရှိတာက တိုင်းပြည်မှာ လူသားအရင်းအမြစ် ကုန်ဆုံးလာမယ့်အနေအထားမျိုးတွေ ရှိလာမယ့်အတွက်ကြောင့် မို့ ဒေါ် အောင်ဆန်း စုကြည် အနေနဲ့ တိုင်းပြည် လူထုရော သက်ဆိုင်တဲ့လူတွေ အကုန်လုံးကို ဘယ်လို အတွေးအခေါ် မျိုးပေးနိုင် ရင် ကောင်းမလဲလို့ ကျနော် ဒေါ်အောင်ဆန်းစုကြည်ဆီ က တောင်းဆိုချင်ပါတယ်ခင် ဗျ။ ဒေါ်ေ အာင်ဆန်း စုကြည် ကျန်းမာပါစေခင်ဗျာ။
● အဖြေ။ ။ ကျမတို့ နိုင်ငံရဲ့လူသားအရင်းအမြစ်တွေ ကျဆုံးနေတာ မြန်မာနိုင်ငံ အလုပ်သမားေ တွ နိုင်ငံပြင်ပ ကို ရောက်သွားရုံကြောင့် မဟုတ်ပါဘူး။ နိုင်ငံတွင်းမှာရှိတဲ့ လူတွေရဲ့လုပ်ကိုင်ရည် မြှင့်တင်စေမယ့် ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုအားက အင်မ တန် နည်းနေတာကလည်း အဓိကအချက်ဖြစ်ပါတယ်။ ဒါတွေ အားလုံးကို အချိန်မီမပြုပြင်ရင် အနာဂတ်မှာ ပြဿနာတွေ ဘယ်လောက် ကြီးမလဲဆိုတာ ပြည်သူတွေ က သတိချပ်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ ဖြစ်ပေါ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကျမတို့လို ဒီမိုကရေစီအဖွဲ့အစည်းတွေကသာ လုပ်ရုံနဲ့ မလုံလောက်ပါဘူး။ ပြည်သူတွေကလည်း ဝိုင်းပြီးတော့ ပါရမယ် ဆိုတာကို နားလည်သဘော ပါက်အောင်လို့ NLD က ကြိုးစားနေသလို ကိုသက်ခိုင်တို့လို လူမှုရေး နိုင်ငံရေး အမြင်ရှိသူတွေကလည်း ဝိုင်းပြီးတော့ ကြိုးစားပေးစေချင် ပါတယ်။

…. …. …..

● မေးသူ။ ။ ဦးချမ်းမြေ့ (စင်္ကာပူ)
● မေးခွန်း။ ။ ကျနော်ကတော့ စင်္ကာပူက ချမ်းမြေ့ပါ။အမေစုကို မေးချင်တဲ့မေးခွန်းကတော့ ဒီဗမာပြည် မှာ နေရာတိုင်းမှာ လာဘ်စားမှုတွေ ဖြစ်တယ်ပေါ့နော်။ လာဘ်ပေး လာဘ်ယူ မရှိပဲနဲ့။ ဘယ်လိုမှကို အလုပ်လုပ် လို့ မရပါဘူး။ နေရာတိုင်းမှာ ဒီ လူကြီးအိမ်ကိုသွားမယ်ဆိုရင် တောင်မှ ဒီမုန့်ပုံးတပုံးသာ မပါလို့ဆိုလို့ရှိရင် သွားလို့မရဘူး။ အာစီးကပ်တယ်ပေါ့ သွားရတာ။ ဘာမှ ဖြစ်မလာဘူးပေါ့နော်။ အဲလိုမျိုး အခြေနေမှာ ရှိပါတယ်။ ဘယ်နေရာကိုပဲသွားသွား အနည်းဆုံးကတော့ ဒါ ပိုက်ဆံတော့ပေးရတာပဲ။ ဒါကိုလည်း ပြည်သူတိုင်းက သိကြ တယ်။ မပေးရင် ဘယ်လိုမှကို မဖြစ်ဘူးဆိုတာသိလို့ ဒါ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေကြတယ်။ တိုင်းပြည်က ရုတ်တရက် ပြောင်းလဲသွားလို့ရှိရင် လာဘ်ပေးလာဘ်ယူကိစ္စကတော့ ဒီချက်ခြင်းကြီး ပြောင်းလဲသွားမှာ မဟုတ် ဘူး။ ဒီတဖြေးဖြေး ပြောင်းလဲသွားအောင် ဘယ်လိုများ လုပ် ဆောင်ရင် ကောင်းမလဲလို့ အမေစုကို ကျနော်တို့ က မေးချင်ပါတယ်။
● အဖြေ ။ ။ တိုင်းပြည်တွေမှာ လာဘ်ပေးလာဘ်ယူ ကျယ်ပြန့်နေရတဲ့ အကြောင်းကတော့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် ရာထူးကြီး ပုဂ္ဂိုလ်တွေကိုယ်တိုင်က လာဘ်ပေးလာဘ်ယူ မကင်းလို့ ဖြစ်ပါတယ်။ ဒီတော့ ဒါတွေ ရပ်စဲသွားဖို့ဆိုရင် ပထမဦးဆုံး ရာထူးကြီးအပိုင်းက အားလုံး လာဘ်ပေးလာဘ်ယူ ကင်းဖို့လိုပါမယ်။ ဒုတိယ အဆင့်အနေနဲ့ ဝန်ထမ်းတွေကို မိမိတို့ တာဝန်ဝတ္တရားတွေနဲ့ ဆီလျှော်ပြီး နေထိုင်စား သောက်မှု စားရိတ်နဲ့ ကိုက်ညီတဲ့ လခတွေ ပေးရပါမယ်။ ဒါအတွက် တိုင်းပြည်ဘဏ္ဍာ တောင့်ဖို့တော့ လိုမှာပါ။ ဒီအချက် နှစ်ချက် တည်းနဲ့လည်း လာဘ်ပေးလာဘ်ယူမှုက ပျောက်သွားမှာမဟုတ်ပါဘူး။ ထပ်မံလိုအပ် မယ့် ဆောင်ရွက်ချက်တွေ ကတော့ သင့်တော်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ဥပဒေတွေအရ အရေးယူတာတွေနဲ့ စာရိတ္တမြှင့်တင်ရေး လုပ်ငန်းေ တွ ဖော်ဆောင်ရမှာဖြစ်ပါတယ်။ တကယ့်ကို ခက်ခက်ခဲခဲ နဲ့ လုပ်ရမှာပါဆိုတာ အခုကထဲက ခန့်မှန်း လို့ရပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts