>photographers support NLD in Burma

>

ဓာတ်ပုံဆရာ အများအပြား NLD ကို ၀န်းရံကူညီ
မိုးမခ အထောက်တော်
၊ ရန်ကုန်
မေ ၂၃၊ ၂၀၁၁


ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ NLD ရုံးမှာ အလင်းနဲ့ရေး တဲ့ပန်းချီ ဓာတ်ပုံပြပွဲကို ကျင်းပပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြပွဲဖွင့်လှစ်ပေးခဲ့ပါတယ်။
ပြင်ပဓာတ်ပုံဆရာများရဲ့ ဓာတ်ပုံလက်ရာ မျိုးစုံကို ပြသ ရောင်းချပြီး ရရှိတဲ့ငွေကို NLD ရံပုံငွေအတွက် လှူဒါန်းမှာ ဖြစ်ပါတယ်။ဓာတ်ပုံ တစ်ပုံကို ကျပ်ငါးသောင်းသတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။ပြင်ပ သတင်းသမားများ၊ ဓာတ်ပုံ ဆရာများ ပါဝင် လှူဒါန်း
ပြသကြပါတယ်။

ပပွဲ ဖွင့်ဖွင့်ချင်း ဒေါ်အောင်ဆန်းစုကြည်က ၅ ပုံ ၀ယ်ယူအားပေးခဲ့ပြီး နံနက် ၁၁ နာရီကျော်မှာတော့ စုစုပေါင်း ၇ ပုံ ရောင်းရပြီး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် NLD ရုံးမှာ အခါအားလျော်စွာ လူမှုရေး ဆိုင်ရာ သင်တန်း၊ စိုက်ပျိုးရေး ပညာ သင်တန်း၊ သတင်းစာပညာ သင်တန်းများ ပြုလုပ်ခဲ့သလို ယခုဓာတ်ပုံပြပွဲဟာလည်း ထိုလှုပ်ရှားမှုများ အနက်မှ လှုပ်ရှားမှု တခုဖြစ်ပါတယ်။
ပညာရေး နဲ့ ပတ်သက်ရင်လည်း လှိုင်သာယာမှာ အခမဲ့ပညာရေး ကျောင်းတစ်ကျောင်း ဖွင့်လှစ်ခဲ့တာ တွေ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts