>Mar Mar Aye – 381

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် – အမှတ် ၃၈၁
ရှန်တိနိကေတန်
မာမာအေး
မေ ၂၂၊ ၂၀၁၁

မြန်မာပြည်မြောက်ဖျား မိတ်ဆက်ပွဲမှ ဆရာနတ်နွယ် (ယာ) နှင့် ဆရာပါရဂူ (၀ဲ)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ….
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ဟိုရှေ့မှာ စာရေးဆရာကြီးပါရဂူနဲ့ တွေ့ကြ တရားဝင်လာကြတာတွေ ပြောပြနေခဲ့တာနော်၊ မာအေးက ဆရာနဲ့ မတွေ့ သေးခင် မရင်းနှီးသေးခင်မှာ ဆရာ့အကြောင်းနည်းနည်းပါးပါး သိထားခဲ့ပါတယ်။ ဆရာက ဟင်္သာတမြို့နယ်ထဲက “သနွံသနော့ရွာသား” နာမည်ရင်းက ဦးလှကြိုင်လို့ခေါ်တယ်။ တကိုယ် တည်းနေတဲ့လူပျိုကြီး … ဆိုတာလောက်ပါ။
ဒါကလဲ သက်သက်လိုက်စပ်စုတာတော့ မဟုတ်ပါဘူး။ မာအေးက ဆရာ ကြီးဦးသုခ မိဘမေတ္တာတရားတွေဟောစမှာ ဟင်္သာတမြို့ကို သွားတဲ့အခါ အတူလိုက်ခဲ့တော့ ဆရာ ပါရဂူရဲ့ တူမအိမ်မှာတည်းကြတာမို့ အလ္လာပ သလ္လာပ ပြောကြဆိုကြရင်း ကြားသိခဲ့ရတာ ပါဘဲ။ မာအေးလဲ အညာ ဆက်တွေလို ကိုယ့်တိုင်း ကလူဆို အကြွားပိုဖို့ တယောက်ရပြီလို့ ကောက်မှတ်ထားလိုက်ပါတယ်။ အကြောင်းမဲ့ တွန်းတင်တာမျိုးလုပ်ရမယ့်သူမှ မဟုတ်တာလေ။ ဆရာနေခဲ့တဲ့ ငါးထပ်ကြီးဘုရားလမ်းက အိမ်ကလေးကလည်း မာအေးတို့ မြောင်းမြဖက်က အဆက်အနွယ်တွေတဲ့။ ဒါနဲ့ ရင်းနှီးသွားတဲ့အခါ စာပေစိစစ်ရေးသွားဖြစ်ရင် ၀င်နှုတ် ဆက်ပါတယ်။

နောင် ဆရာ့တော့်ကပ္ပိယ မောင်မျိုးခင်ကလေး ပုဂံက “ဣသိပည” ကျောင်းတော်ဝင်းထဲမှာ ဇရပ်တွေလာေ ဆာက်ပေး ရင်း “ထန်းရိပ် ညို”ပန်းချီခန်း တည်ထောင်တဲ့အခါ ဖွင့်ပွဲမှာ မောင်နှမတွေ ဆုံကြပါ တယ်။ မောင်ြ ကီးဆရာပါကလည်း ဆရာတော်ရဲ့ ကျောင်းဝိုင်းထဲမှာ စာသင်ကျောင်းဆောက်လှုမယ့်ဆန္ဒ ထုတ်ပြခဲ့ပါတယ်။ အဲဒါမဖြစ်မြောက်သွားပါဘူး။ အင်းလေ စာသင်သားက စာအံရင် အသံဆူမှာ၊ တရားစခန်းရှိတဲ့ အခါ ပြဿ နာရှိနိုင်တာမို့ ထင်ပါရဲ့ရှင်။ ဒါကြောင့် “ရှန်တိနိကေတန်” စာကြည့်တိုက်ဖက် လှည့်သွားတာလည်းဖြစ်နိုင်ပါ တယ်။

ဆရာပါရဲ့ ရှင်တိနိကေတန်

မာအေးလည်း ဆရာပါတို့နဲ့တင်မက အားလုံးနဲ့ဝေးခဲ့ရတာ ကြာပြီလေ။ ဆရာမရှိလေမှ မီဒီယာလိုင်းတွေေ ပ်ါမှာဖော်ပြတဲ့ ဆရာ နောက် ဆုံးနေခဲ့တဲ့ တိုက်ကလေးနဲ့ တွဲလျက်တည်ထားတဲ့ “ရှန်တိနိကေတန်” စာကြည့် တိုက်ကို အဝေးက တွေ့နေရပါတယ်။ စာပေ့တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဆရာပါစုထားလေရဲ့။ စာပေ ချစ်တဲ့မြတ်နိုးတဲ့ စာပေ့သားသမီး မြေးမြစ်တွေက ဆက်စောင့်ရှောက်နိုင်ပါစေလို့ မေတ္တာပို့ ဆု တောင်းရပါ တယ်။

ဆရာပါ မကျန်းမာဘူးဆိုတာ သတင်းကို မရဘူးတာပါရှင်။ ကောက်ခါငင်ကာ ဖြစ်သွားဟန်ဘဲ။ အသက်(၉၀) ဆိုတော့လည်း အမှည့် လွန်သစ်သီးလို ကြွေကာနီးပေါ့လေ။ လူကောင်းစိတ်ကောင်းတဲ့သူေ တွ နေစေချင်သေး တယ်။ ဒီဆရာကြီးတွေလို စာပေရသလည်းပေး၊ သင်ခန်းစာလည်းပေးနိုင်တဲ့လူကြီးတွေ ရှားလာပြီမဟုတ်လား။ ကာလပေါ်အရေးသမားတွေကတော့ သူ့အခါနဲ့သူပေါ်လာမှာမို့ စာပေ လောကဆိုတာကြီးေ တာ့ ပျောက် မှာမဟုတ်ပါဘူး။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်ဆိုတဲ့ စကားလိုဘဲ။ စာ ဟောင်းပေ မွန်တွေ စုဆောင်းလေ့လာဘို့ မမေ့ကြပါစေနဲ့လို့ မေတ္တာပို့ရပါတယ်ရှင်။

မာအေးတို့ ရောက်နေတဲ့ အနောက်ဖက်မှာတော့ သူတို့စာရေးဆရာကြီးတွေအတွက် ဂန္တ၀င်စာတွေအတွက် အဖွဲ့အစုတွေနဲ့ ရံပုံငွေ ထောင်ပြီး ထိမ်းသိမ်းထားတတ်ပါတယ်။ အင်္ဂလန်မှာဆို ရှိတ်စပီးယားရဲ့ ဇာတိမြို့ ကလေးဟာ ကမ္ဘာ့ဧည့်သည်များလေ့လာရာ လည်ပတ်ရာ ဖြစ်နေတော့တယ်။ တချို့ပန်းခြံတွေ စမ်းချောင်းေ လးေ တွဘေးမှာ ရှိတ်စပီးယားရဲ့ပြဇာတ်တွေကို မြတ်မြတ်နိုးနိုးနဲ့ ရွတ်ပြနေသူတွေကိုရှိ သေးတာ။ ချား (လစ်) နှစ်ကင်းဆိုတဲ့ စာရေးဆရာကြီးအိမ်ခန်းတောင်မှ ပြတိုက်လို ပိုက်ဆံပေးကြည့်ရတာမျိုးပါ၊ ပညာရှင် အသီးသီးရဲ့ အမှတ်တရ ပြခန်းတွေကို ရံပုံငွေယူကြ ထူကြ စောင့်ရှောက်ထား ကြပါတယ်၊ မာအေးတို့ ဆီမှာလည်း အစကတည်းက ကိုယ်ထူကိုယ်ထ များတာဘဲဟာ၊ တပိုင်တနိုင်ထိမ်းသိမ်းနိုင်အောင် ကျိုးစားကြ ရင် ကောင်းမှာဘဲလို့ စဉ်းစားမိပါတယ်ရှင်။ တကယ်လို့သာ ထောက်ပံ့မယ့် သူမရှိလာရင် “ရှန်တိန်ကေတန်”ကို ဘယ်လိုဆက်ထိန်းသိမ်းပါ့မလဲလို့လဲ ပူမိနေတယ်။ ကိုယ်ကလည်း သူများနိုင်ငံမှာ ဖြစ်အောင်နေရတာမို့ စိတ်ပဲကူးနိုင်ခဲ့တာပါ … အားမရပါဘူး။

အထူးတလည် မာအေးရဲ့မောင်ကြီးပါကို မနက်တိုင်း သတိရနေတာ အိမ်က ရုပ်ပွားတော်တ ဆူ ကြွချီတော်မူ ကတည်းကပါရှင်။ အတော် လက်ရာမြောက်တဲ့ ပန်းပုရုပ်ပွား သစ်ကနက်သားကိုယ်တော်ပါ။ အဲဒီရုပ်ပွားဆင်း တုတော်မှာ ဗုဒ္ဓဂါယာဘုရားဖူးသူတိုင်းရောက်ကြတဲ့ ဖွား တော်မူရာ ဗောဓိပင်နဲ့ရွှေပလ္လင် ကို အောင်တော်မူတဲ့ ဘုရားဖြစ်တော်မူရာ ဓမ္မစင်္ကြာတရားဦး ဟောကြားတဲ့မုဒြာ၊ ပရိနိဗ္ဗာန်စံတော်မူရာ ကုသိန္နာရုံလျှောင်းတော်မူ ဘုရားပုံတော်တွေပါ ထုဆစ်ထားတာမို့ ဆရာပါ့ကို သတိရမိတာဖြစ်ပါတယ်။ မာအေး (ကိုးဆယ့်ခွန်) တုန်း က ကျေးဇူးရှင်သီတဂူဆရာတော်ဘုရား ကောင်းမှုနဲ့ဗုဒ္ဓဂါယာကို ဘုရားဖူးရောက်ခဲ့တယ်။ သွားတဲ့ သာသနာ့လမ်းမှာ ကမ္ဘာ့သာသနာပြု ဆရာကြီးဂိုအင်ဂါတို့ ဘုရားစေတီတည်ခွင့်ရလို့ အုတ်မြစ်ချပွဲ ကျင်းပရာမှာ လည်း အသံလှူခဲ့ရတယ်။ ဆရာကြီးတို့ ဗဟိုပင်မကျောင်းတော်က (၁၀) ရက်တာ တရားစခန်းလည်း ၀င်ခဲ့ရလို့ ဆရာပါနဲ့တွေ့တုန်းမှာပြောပြတော့ နောက်တခါအိန္ဒိယသွားရင် ဆရာနဲ့သွားကြတာပေါ့၊ အခု ရောက်တာ ထက်စုံအောင် ဆရာလိုက်ပို့ပေးနိုင်ပါတယ်လို့ စကားခံထားတဲ့အတွက်ပါ။ ခုတော့လည်း သွားနှင့်ရှာပြီလေ။ သူထပ်ပြီး ဘုရား ဖူးပို့ဖြစ်ရင် ဒီနေရာတွေလည်း ပြန်ဝင်ပြန်ဖူးရမှာဘဲလို့ သတိရတိုင်း ဘုရားကန်ကျော င်းေ တွေ ရာက် တိုင်း မေတ္တာပို့ရုံ ရှိတော့တာပါဘဲ။

** (ဆည်းလည်းရှိုက်သံမှ)
ဆည်းလည်းလေးများ ပွတ်တိုက်ရိုက်သံလို x x ခေါင်းလောင်းလေးများ ထိုးနှက်ရိုက်သံလို xx ကြားလိုက်တဲ့ အခိုက်အတန့်မှာ အေးငြိမ်းတဲ့ ကျောင်းအရိပ်ဆီ တလှမ်းချင်းပြေးလို့ တွေ့လိုက်ချင်ရဲ့ x x ဆည်းလည်းလေး များ ပြတဲ့တရားသံကို xx စမ်းချောင်းလေးတို့ ဇွဲနဲ့အားမာန်နဲ့ xx ပေါင်းစပ်ပြီးကျင့်ခဲ့ရင် အေးငြိမ်းတဲ့သစ်ရိပ်မှာ စွန့်လွှတ်မှုနဲ့ ခွင့်လွှတ်စဉ် ငြိမ်းသွားလိမ့်မယ်တဲ့ xxx

ဘီဘီစီတွင်အသံလွှင့်ခဲ့သည့်ဆောင်းပါးအား ပြန်လည်ကူးယူးဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts