>Respect and Follow the People’s Desire – Suu told at the interview

>

အများပြည်သူ၏ ဆန္ဒကို လူနည်းစုက လေးစားလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်က ပြော
အာရ်အက်အေအစီအစဉ်ကောက်နုတ်ချက်
မိုးမခ၊ မေ ၂၁၊ ၂၀၁၁
” လွတ်မဲ့ အကျဉ်းသား ၁ သောင်းကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၄၀ တောင် မပြည့်ဘူးလို့  ကြားရပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ အခုအထိ အသေအချာလွတ်လာတဲ့ ၂၀၉၆ ယောက်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားက ၉ ယောက်ထဲ ပါတယ်လို့  သိရပါတယ်။
 ဒါဟာ အန်တီတို့ လိုချင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်လဲ မဟုတ်ပါဘူး။ ဒါကြောင့် အခုအစိုးရသစ်က တကယ်ဘဲ ဒီမိုကရေစီလိုလားမှု ရှိမရှိဆိုတာကလဲ စဉ်းစားစရာဖြစ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုကို အရှိန်အဟုန်နဲ့ တိုးပြီးတော့ လုပ်ပေးစေချင်ပါတယ်။ “
ဦးသိန်းစိန်အစိုးရ အခုလွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဦးရေ မဆိုစလောက်ပဲ ပါဝင်တဲ့ အတွက် ၊ ဒီ အစိုးရသစ်ဟာ ဒီမိုကရေစီစနစ်ကို တကယ်လိုလားခြင်း ရှိပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
       RFAက အပတ်စဉ်တင်ဆက်နေတဲ့ `လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်အတွက် လန်ဒန်မြို့က သောတရှင်တဦးရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
          ” ဒီမိုကရေစီမူအရ လူတိုင်းဟာ ကိုယ့်ဆန္ဒကိုယ်ရှိတာကို လက်ခံသလို  ဒီမိုကရေစီကျင့်စဉ်အရ အများစုရဲ့  လူနည်းစုက လေးစားလိုက်နာရမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ခမောက်ပုံကို အများပြည်သူက NLD နဲ့  ဆက်စပ်ပြီးမြင်ကြတာမို့  NLD နဲ့ ဆန့် ကျင်တဲ့လမ်းရွေးပြီး ဒီခမောက်တံဆိပ်ဘဲသုံးတာကတော့ ပြည်သူကို ဇဝေဇ၀ါဖြစ်စေလို့  မသင့်လျော်ဘူးလို့ လဲ ယူဆပါတယ်။ “
        ဒါ့အပြင် NLDပါတီက ရွေးကောက်ပွဲဝင်ရောက်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့တာကို ကျောခိုင်းပြီး သီးခြားပါတီထောင်ခဲ့တဲ့ NDFပါတီက  NLDရဲ့ ခမောက်တံဆိပ်ကို သူတို့ပါတီတံဆိပ်အဖြစ် သုံးစွဲနေတာနဲ့ ပတ်သက်ပြီး တခြားသောတရှင်တဦးက မေးမြန်းရာမှာတော့- အဲဒီလို သုံးစွဲတာဟာ သင့်တော်လျှော်ကန်ခြင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက် ပါတယ်။
   အပြည့်အစုံကိုတော့ ဒီကနေ့ည ထုတ်လွှင့်မယ့် `လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ်မှာ စောင့်မျှော်နားဆင် နိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts