>Citizen of Burma Award (2011)

>

၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်စာရင်း ထုတ်ပြန်ခြင်း
www.citizenofburma.org
၂၀၁၁ ခုနှစ် မေလ ၁၅ ရက်
 ပြည်သူ့ဂုဏ်ရည် ဒေါ်ရှု

ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦး အနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုအစီအစဉ်ကို မေလ ၁၅ ရက်နေ့ကကျင်းပပြီး ဒေါ်ရှု ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။


ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်၏ နောက်ဆုံး ဆန်ခါတင် ၅ ဦးစာရင်းကို ထုတ်ပြန်ပြီး မေလ ၁၄ ရက် ၂၀၁၁ ခုနှစ် ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီးဖြစ်သည်။ နောက်ဆုံး စာရင်းပိတ်ပြီးနောက် စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့် စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။

မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ – စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ – ၂၅.၇၅ %
တတိယ မဲအများဆုံး – ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး – ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး – ၀.၃၉ % ဖြစ်ပါသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ဝင်ရောက်မှု အများဆုံး နိုင်ငံများမှာ –

၁။ အမေရိကန်ပြည်ထောင်စု – စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ – ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ – ၆.၄၆ %
၎။ ဂျပန် – ၃.၁၆%
၅။ ၾသစေၾတးလ် – ၃.၀၈ %
၆။ မြန်မာနိုင်ငံ – ၁.၁၃ %

ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

ဆက်သွယ်ရန်။ ။ ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇၊ ကိုလေး (၀၁) ၆၂၆-၃၈၃-၆၉၀၁၊ ကိုဝေလ (၀၁) ၆၄၆-၄၆၂-၉၀၁၇၊ ကိုထိန်လင်း (၀၁) ၄၁၅-၅၃၁-၃၇၆၁၊ ကိုဂျေစင် (၀၁) ၅၁၀-၄၀၂-၇၇၇၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts