>News & Media

>

ဆရာဒဂုန်တာရာ၏ ၉၃ နှစ်မြောက်မွေးနေ့မှ ငြိမ်းချမ်းရေးပန်ကြားလွှာ
မေ ၁၄၊ ၂၀၁၁
မိုးယံမခ

သက်တော်ရှည် စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ ၉၂ နှစ်ပြည့်၊ ၉၃ ကြိမ်မြောက်မွေးနေ့ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း မြို့ (သမိုင်းခန်း) မှာ ၂၀၁၁ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက်ပိုင်း ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။ ယခုနှစ်မွေးနေ့ပွဲတွင် ဒဂုန်တာရာက ဒဂုန်တာရာ၏ ၉၃ ကြိမ်မြောက် မွေးနေ့ငြိမ်းချမ်းရေး ပန်ကြားလွှာကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီပန်ကြားလွှာမှာ …

‘‘မြန်မာနိုင်ငံတွင်လည်းကောင်း၊ ကမ္ဘာ့အရပ်ရပ်တွင်လည်းကောင်း ဖြစ်ပွားနေကြသည့် ပြဿနာအရပ်ရပ် ကို ဆွေးနွေးညှိနှိုင်းဖြေရှင်းနည်း ဖြင့် လူမသေ၊ ပြည်မပျက် ဖြေရှင်းကြပါရန် မေတ္တာရပ်ခံပန်ကြားပါသည်။’’ ဟု ဖော်ပြထားပါသည်။

မွေးနေ့ပွဲကို သတင်းစာဆရာကြီး ဦးဝင်းတင်တက်ရောက်ပြီး အမှတ်တရစကားပြောကြားရာ မှာ ပြည်သူ လူထု ဟာ အမှားကိုပယ်ပြီး အမှန် တရားအတွက် ရဲရဲရပ်တည်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်သ၀ဏ်လွှာ လက်ဆောင်ပေးပို့ခဲ့သည်။

မွေးနေ့ပွဲကို တက်ရောက်လာကြတဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ နေပြည်တော် ပျဉ်းမနား၊ ဖြူး၊ ပလိပ်၊ သာစည်၊ ကွမ်းခြံကုန်း၊ မတ္တရာ၊ မရပူရ၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ကလော၊ အောင်ပန်းမြို့တို့က စာရေးဆရာ၊ ကဗျာဆရာ၊ စာပေချစ်သူများက ဆရာဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ

ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်သ၀ဏ်လွှာ

၉၂ ပြည့်မွေးနေ့ ဂါရ၀ပြုသ၀ဏ်လွှာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts