>Mar Mar Aye -378

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် – ၃၇၈ (ဘီဘီစီ)

မိဘကျေးဇူး ဆပ်ဖူးရဲ့လား
မာမာအေး

မေ ၂၊ ၂၀၁၁

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ….

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


သောတရှင်တို့ရေ အရင်တပတ်က မာအေးရဲ့ဂီတအကိုတော်များဂိုဏ်းထဲဝင်လာတဲ့ စန္ဒရားစိန်သောင်း ပြန်တီး ချင် သေးတယ်ဆိုတဲ့ သီချင်းလေး နားဆင်ရတာ နားဝင်အေးရဲ့ မဟုတ်လားရှင်။ ရင်ဆူအောင်လွမ်းတာမျိုးမှ မ ဟုတ်ဘဲကိုး။ ရေးသူက ပုံပြင်လေးတပုဒ်ရဲ့ အနှစ်သာရတခုကိုအခြေခံပြီး တွေးခဲ့ရေးခဲ့ဘို့ များပါတယ်။ ချစ်ဆွေ တို့တွေလည်း ဖတ်ဖူး ကြားဘူးခဲ့မှာပါဘဲ။

ပင်မြင့်ပေါ်က စဗျစ်သီးတွေကို စားသုံးလိုလို့ အမျိုးမျိုးကြံစား ကြံစည်ယူငင်ပါသော်လည်း မရတဲ့နောက်ဆုံးမှာ “စဗျစ်သီးတွေဟာ ချဉ်ပါတယ်”လို့ ပြောပြီးထွက်သွားတဲ့ မြေခွေးပုံပြင်လေ။ လိုချင်တာမရနိုင်တော့ အပြစ်ပြော ပြီး စွန့်ခွာတတ်ပုံ လေးပါ။ သတိရသေးရဲ့မဟုတ်လား။ အင်း …. အဲဒီ့ဟာကို အဓိပ္ပါယ်ပြောင်းပြန် ကောက်စပ် လိုက်တော့ စဗျစ်သီးက ချိုသွားပြန်တာပေါ့နော်။ မောင်ဆွေနွယ်ရတဲ့ အတွေးသာလို့ တေးကဗျာစာဖြစ် လာတော့ သူ့ကာရံနဘေလိုက်တာက ကိုယ့်အကြိုက်ကျစေတယ်။ ကဗျာဝါသနာရှင်ဆိုရင် ပိုနားလည်မယ်ထင် တယ်။ မောင်ဆွေနွယ်က ….

• “စေတနာကုဋ္ဋေကုဋ္ဋာ အမှူးတင်ဆဲ” … ဆိုတာကို “နွေကမ္ဘာ ဝေဒနာဥယျာဉ်ထဲ” …. ဆိုတာနဲ့ အသံပါစွဲပြီး ထပ် ထားတယ်။
• “မော လျနွမ်းရတက်ပွေ”ကို “သောက ပန်းခက်တွေ” နဲ့ လိုက်တယ်။
• “နှလုံးသားတ၀ိုက်မလေ”ကိုတော့ “အမုန်းမျှားစိုက်ပါစေ”တဲ့ …

• “လွမ်းရတက်ချစ်မူပွေစရာ” မှာတော့ “အခန်းဆက်ဝတ္ထုရှည် ပမာ” ပေါ့လေ …။


အဲဒီလို လှလှလေးရေးဖွဲ့တာ … ဂီတသံတပေါင်းတည်းပါလာတော့ ပိုလှသွားတာပေါ့ရှင်။

*(စဗျစ်သီးလေးတွေ ချိုပါတယ် … ဒုတိယပိုင်း)
စေတနာ ကုဋ္ဋေကုဋ္ဋာအမှူးတင်ဆဲ နွေကမ္ဘာဝေဒနာ ဥယျာဉ်ထဲ x x x မောလျနွမ်းရတက်ပွေ သောက ပန်းခက်တွေ ချွေရက်ဖူးနေပါစေ x x x နှလုံးသားတ၀ိုက်မလေ အမုန်းမျှားစိုက်ပါစေ ထွင်ရက်ဖူးစူးပါစေ x x x လွမ်းရတက် ချစ်မှုပွေစရာ အခန်းဆက်ဝတ္ထုရှည်ပမာ ရှိရင်လည်းရှိစေ x x x သံသရာအလှည့် ဖန်လာတဲ့ ကံကြမ္မာအနွဲ့ကိုဘဲ အပြစ်တင်မလေ x x x


ဘယ်လိုလဲ သောတရှင် … မာအေးလိုဘဲ သဘောပိုက် ကြိုက်နှစ်သက်မယ်ထင်ပါရဲ့။ သူရေးခဲ့တဲ့ သီချင်းေ လး တွေ တော်တော်များပါတယ်။ မြန်မာသံတေးသီချင်းတွေ အများစုက … အလွမ်းဖွဲ့တွေပါ။ ယောက်ျားမှာ လည်း အလွမ်းနဲ့ပါလို့ ထပ်ရေးခဲ့ဘို့ ကောင်းတယ်။ သူ့စာ သူ့ကဗျာလေးတွေ စွဲလွန်းလို့ လွယ်အိတ်ကလေးနဲ့ ထည့်လွယ်ပြီး လျှောက်သွားနေတဲ့ သူရဲ့ဘ၀ကြင်ဖော် မလေးနဲ့ တွေ့တဲ့အခါ …. သူရှိပါတယ်မမရယ် ည ကတောင်လာသေးသတဲ့။

စိတ်ကလေး ဘယောက်ဘယက်၊ ယောဂီဝတ်လျက်နဲ့ရှာလိုက်တာ “ဒေးစွန်ပါ”တောင် ရောက်သတဲ့။ တကယ် သာ ပြန်ရောက်ခဲ့ ရင် နောက်တယောက်တောင် ရလောက်ပါပြီလို့ မပြောရက်တော့ နှုတ်ဆက်လက်ပြ ချန်ခဲ့ရ တာပေါ့၊ သူမကတော့ ချစ်ခဲ့သူရဲ့ ကဗျာ စာတွေ နှုတ်တိုက်ရွတ်ပြကျန်ခဲ့ရှာတယ်။

မောင်ဆွေနွယ်ရဲ့ အလွမ်းစာတွေကို တေးပလ္လင်က အဆွေးသခင်ဘွဲ့ခံထားတဲ့ အကိုကြီးကိုတင်လှိုင်က ဒိုင်ခံဆို တာဘဲရှင့်။ အကိုတင် လှိုင်နဲ့ အကိုစိန်သောင်းတို့ဟာ အလုံမှာ တလမ်းတည်းနေကြတာမို့ ဒီသီချင်းတွေမှာ တွဲဖြစ်ကြမှာပါဘဲ။ ခံစားတာ ခြင်းတော့ မတူနိုင်ဘူး ထင်ပါတယ်။ အကိုတင်လှိုင်က လူငယ်များနဲ့ ဇရက်မင်းစည်း စိမ်ခံတတ်တယ်။ အကိုစိန်သောင်းက လူကြီးပိုင်း မိုးကုတ်တရားစခန်း သွားနေ တတ်လို့ပါဘဲ။

အဲဒီလို တရားအလုပ် အားထုတ်ပေမယ့်လည်း ဂီတ၀တ်ကကျေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ စိုးတင့်သောင်း၊ တင်ဦးသောင်း၊ ကြည်ဝင်းသောင်း၊ မိုးသူသောင်းခေါ်တဲ့ သူ့သားလေးယောက် တယောက်မကျန် ဂီတသမားဖြစ် လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဂီတဖခင်ဖြစ်နေလို့ပါ။ သုံးယောက်က စန္ဒရားဆရာတွေ ဖြစ်လာတယ်။ တယောက်က လိ (ဒ်) ဂစ်တာ တီးခတ်ပါတယ်။

ကာလပေါ်ဓါတ်ပြားလောက ခြေမချခင်က ဇတ်အဖွဲ့တွေနဲ့တွဲပြီး ဇာတ်ပို့လာတဲ့ ရွာစားကျော် ဆိုင်းပညာရှင်ဖြစ် တယ်။ ရှေ့ပိုင်းပြဇာတ်တွေ လည်း ကူညီဇာတ်ပို့ပေးတဲ့ စန္ဒရားဆရာလည်း ဖစ်လာတယ်ဆိုတော့ အဲဒီဂီတ အတွေ့အကြုံတွေကို ပေါင်းစပ်တီးခတ်တယ် ပြောရမှာပေါ့။ သီချင်းတီးပိုဒ်တွေမှာ နှဲနဲ့တထပ်ထဲကျအောင် တီးကွ က်တွေထွင်တာ၊ စန္ဒရားတီးရာမှာ အသုံးနည်းတဲ့ ဆိုင်းဟန်အတွဲအဖက် ခတ်သွက်သွက်တီးဟန်တွေ ကြားရပါ တယ်။ ဘယ်လိုမျိုးလည်း ဆိုတာသိရအောင် ဂီတစာဆို ကိုမြတ်လင်းရဲ့ လက်ရာတပုဒ်ဖြစ်တဲ့ “မိဘကျေးဇူး ဆပ်ဖူးရဲ့လား”ခေါ်တဲ့ သီချင်းနဲ့ နမူနာပေးလိုက်ပါမယ်။ သီချင်းကို ရေဒီယိုမှာ “စိန်မြင့်လတ်”ဆိုတဲ့ တေးသံ ရှင်မလေးက အသံလွှင့်ခဲ့တာပါ။ မာအေးက အဓိပ္ပါယ်ကိုကြိုက်လို့ ဓါတ်ပြားယူသွင်းလိုက်တာပါ။ အတီးကို သေ ချာနားဆင်ကြည့်ပါဦး။

*(မိဘကျေးဇူးဆပ်ဖူးရဲ့လား … မှ)
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘနှစ်ပါးကိုဖြင့်၊ နေ့စဉ်ရို့ကျိုး ရှိခိုးဦးတင်၊ ကျွေးမွေးပြုစုကြလို့ပင် မိဘကျေးဇူး ဆပ်ဖူးစေချင် x x x သားသမီးအပေါ် ထားတဲ့မေတ္တာ အတုမရှိပါရှင် ငယ်ရွယ်စဉ်ခလေးဘ၀မှစတင် x x x လူလားမြောက်သည့်တိုင်အောင်ပင် သားသမီးအတွက်ဆိုရင် ဘယ်လိုပင် ဆင်းရဲဒုက္ခခံကြရပေမယ့် စိတ်ထဲမှာ မငြိုငြင်၊ သားလေးမျက်နှာ သီတာရေစင်၊ သမီးလေးမျက်နှာ သော်တာငွေစင်၊ ဆိုးကြရင်လည်း အဆိုးမမြင် x x မိဘတိုင်းရဲ့ မေတ္တာဖြူစင်၊ ပမာပြစရာ သာဓကများစွာရှိနေတာ အမှန်ပင် x x x

ဘီဘီစ်ီတွင် အသံလွှင့်ခဲ့သည့်ဆောင်းပါးအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts