>Mar Mar Aye (377)

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် -၃၇၇
သပျစ်သီးလေးတွေ ချိုပါတယ် …
မာမာအေး
ဧပြီ ၂၉၊ ၂၀၁၁

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ….

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ နှစ်သစ်ဦးမှာ ဆုထူးလဲချွေ၊ ကာင်းမှုတွေလုပ်၊ ဘိုးတော်သိကြားပုရပိုဒ်မှာ မရှုပ် ရအောင်ဆောင် ရွက်ပြီးခဲ့ပြီမို့ ကိုယ့်ရဲ့ရှေ့သို့တွေဆီ ချီတက်ရပေဦးမယ်ပေါ့ရှင်။ မာအေးတို့ အမိနိုင်ငံက ၀န်ထမ်းတော်များလဲ သင်္ကြန်နားရက် တာကထွက်ရတော့မှာကိုး။ သူတို့သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်တွေ ဆယ်ရက်တိုးလာပါလား …. တို့များတုန်းက ဘယ်ကြားဖူးလို့လဲ။ သင်္ကြန်အကြပ် နှစ်ရက်ထပ်ရင်ကို ဘဲ ပျော်လှပြီ။ ငယ်သေးရင် အလုပ်တောင် ပြန်ဝင်ဖို့ကောင်းပါရဲ့။

ကိုယ့်ရဲ့ရှေ့သို့တွေဆီ ချီတက်မယ်ဆိုလို့ ဟိုဟိုဒီဒီတွေးမနေနဲဦး၊ မာအေးမှာ ရှေ့သို့ဆိုလဲ ဂီတ ဘဲ။ နောက်သို့ဆိုလဲ ဂီတဘဲရှိပါတယ်။ နှုတ်ကြွေးတင်နေတဲ့ ဂီတ၀ါသနာရှင်တဦးဆီကို ဈေးဦးပေါက်သွားချေ မယ်လို့ပါ။ မာအေးရဲ့ မိတ်ဆွေမက ဂီတ၀ါသနာ အလွန်ပါတာကြောင့် သီချင်းဆိုတာဘယ်လိုပါလိမ့်။ စနစ်တ ကျ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ချင်သတဲ့။ သူမနေတာက LA မှာ၊ ကိုယ်က အင်ဒီယာနား အဝေးကြီးပါ။Remove Formatting from selection

သီချင်းမှ ဆိုချင်ပါတယ်။ လေ့လာချင်ပါတယ်ဆိုရင် အနည်းဆုံးတစ်လ နှစ်လတော့အချိန်ပေး မှ ရေးရေးပေါ်မယ့်ကိစ္စလို့ တွေ့တုန်းကပြောပြပေမယ့် သူကရပါတယ်တဲ့။ သူလာခဲ့ရမယ်ဆိုလဲ လာမယ်။ သူ့ ဒါလင်က ကြည်သာဆိုရေးခွင့်ပေးသတဲ့။ မာအေးလာနိုင်လဲ အိုကေဆိုဘဲ။ ပူဆာထားတာ နှစ်နှစ်လောက် တော့ ရှိပြီ။ ခုတော့ သွားဖို့ ပြင်စရာ ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ လလည်လောက်က ဂီတပညာရှင်ကြီးတဦးရဲ့သားထွေး စန္ဒရားမိုးသူသောင်းကလေး ဖုန်းဆက် လာလို့ပါ၊ “အန်တီအေးရေ- ဖေဖေရောက်တာ တလလောက်ရှိပါပြီ။ အသက်က (၈၀)လေ။ အဲဒါ ငါအမှတ်တရ ဂီတပွဲလုပ်ချင်တယ်။ အန်တီအေးဆီ ဖုန်းဆက်ပေးဆိုလို့ပါ” တဲ့။ ပြီးတော့ သူ့အဖေကြီးနဲ့ မောင်နှမတွေ မာကြောင်းသာကြောင်း၊ ရန်ကုန်က ဂီတသမားတွေအကြောင်းတွေ ပြောဖြစ်ကြတယ်၊ အဲဒီဂီတအကိုကြီး စီစဉ် လိုတဲ့ ဂီတပွဲကိုလဲ အမှတ်တရ မှတ်တမ်းတင်ရအောင် လာမယ်လို့ ကတိပေးလိုက်ပါတယ်။ “ဆန်ဖရန်စစ္စကို” ကိုသွားပြီး ဆုံရမှာပါရှင်။

အဲဒါက ဇွန်လမှာ စီစဉ်မှာဆိုတော့ LA နဲ့ ဘာကွာတာလိုက်လို့။ မာအေးနဲ့ တွဲရမယ့်ဂီတပညာ ရှင်ကလဲ ငြင်းရမယ့်သူမှ မဟုတ်တာလေ။ ဓါတ်ပြားရွှေခေတ်တခေတ်လုံး အတူတွဲလာတဲ့ ဆိုင်းပညာရှင် စန္ဒရားဆရာကြီး ဦးစိန်သောင်း ဖြစ်နေလို့ပါရှင်။

မာအေး ဆိုသက်ကရှည်တော့ အတူတီးခတ်ပေးခဲ့တဲ့ စန္ဒရားဆရာကြီးတွေ မေမေ ဖေဖေတို့ခေတ်က လူကြီးတွေအထိ တချို့ကို မီသေးတယ်ရှင့်။

မြောင်းမြဆရာသိုင်း၊ ရွှေခယ်လှိုင် (ဦးလေးတော်သူ)၊ ဒုံမင်းဦးတင်လှိုင်၊ ဆရာတောက်၊ အေ၀မ်းခင်မောင်၊ ဆရာ ရွှေတိုင်အေး၊ စန္ဒရားဦးအောင်သန်း၊ ဂီတာညွန့်၊ စန္ဒရားထွန်းညွန့်၊ ဦးစောထွန်း၊ ဆရာစိန်ဝေလျှံ၊ ဆရာရွှေပြည်အေး၊ စောင်း ဦးဘသန်း၊ စန္ဒရားမောင်မောင်အေး၊ ဦးဘတင်၊ ဦးကြင်ခဲ (ပဲခူး)၊ စန္ဒရားကိုကျော်စိန်၊ ဂီတလုင်မောင်ကိုကို၊ စန္ဒရားကိုညွန့်၊ စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွတ်၊ စန္ဒရားစိန်သောင်း၊ စန္ဒရားကိုသိန်းမောင်၊ မန္တလေးဦးအုန်းမောင် … ဆိုတဲ့ ဆရာသမားတွေနဲ့ ဆိုခဲ့တာပါ၊ လက်ကျန်ကတော့ မန္တလေးသားမိတ်ဆွေကြီး ကိုသိန်းမောင်ရယ်၊ အခုတွေ့လာမယ့် စန္ဒရားဦးစိန်သောင်းရယ် ဒါဘဲရှိတော့တယ်။ လူငယ်ပိုင်းတော့ ရှိသေးတာပေါ့။

မာအေးက ဦးစိန်သောင်း အသက် (၈၀) ရှိပြီလို့ ကြားလိုက်ရတော့ ကိုယ့်နားတောင် ကိုယ်မယုံသ လို ဖြစ်သွားတယ်။ မာအေးတို့တွေ အမေဒေါ်သန်းရင်အိမ်ကြီးရဲ့ အောက်ထပ်မှာ အသံသွင်းကြ သီချင်းတိုက်ကြ တာ၊ ရန်ကုန်ရုပ်ရှင်ခြံ၊ စိန်မောင် ရုပ်ရှင်ခြံ၊ မဟာမြိုင်ရုပ်ရှင်ခြံတွေမှာ အသံသွင်းကြတာတွေအားလုံးလိုဘဲ မျက်စေ့ထဲ အကုန်ပြန်ပေါ်လာကြတာ ရုပ်ရှင်ကြည့်ရတဲ့အတိုင်းဘဲ။ အဲ … ဦးစိန်သောင်းဟာ ကိုယ့်ထက် အသက်ကြီးမယ်မှန်းတော့သိတယ်။ အကိုလှထွတ်တို့ အကိုချစ်ဆွေတို့လို လေးငါးနှစ်လောက်ပဲ ကွာမယ် ထင်ခဲ့တာလေ။ (၈၀) ရှိပြီပြောမှ (၁၁) နှစ်တောင်ကွာတာသိတော့ ဦးလေးလို့တောင် ခေါ် ဘို့ ကောင်းတာပါလား ဟား …ဟား။ ခုမှ ဦးလေးသွားခေါ်လို့ ကောင်းမယ်မထင်ဘူး။ “အကို” ခေါ်မြဲခေါ်မှဖြစ်မှာပါ။ တော်ကြာ ကောက်သွားမှ ဒုက္ခ။ အကိုဒီတယောက် ရှိတော့တာနော။

အကိုစိန်သောင်းကပြောထားတယ်၊ စိတ်ကြိုက်အဆိုကဏ္ဍပါလိမ့်မယ်။ “စဗျစ်သီး” ကိုယ်ပြန်တီးချင်လို့တဲ့။ အဲဒါ “မေ့ဘ၀ခဏ ဘယ်သူယူပါ့မယ်” သီချင်းနဲ့အတူ ဓါတ်ပြားသွင်းခဲ့တဲ့ “စဗျစ်သီးလေးတွေချိုပါတယ်”၊ သီချင်းကို ပြောတာပါ။ ကဗျာဆရာလေးမောင်ဆွေနွယ်ရဲ့ စာသားလှလှကို သဘောကျလို့ ဂီတစာဆို အဆိုတော် မောင်မောင်လတ်ဆီမှာ အသံထည့်ခဲ့ရတယ်လို့ပြောခဲ့တဲ့ သီချင်းပေါ့ရှင်။ စပယ်ဦး ကိုသန်းလွင် ပိုင် အောင်မြင်တဲ့ဓါတ်ပြားသီချင်းပါ။ အပြင်မှာ သိပ်မဆိုဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ ရှေ့ကသီချင်းတွေခံနေတော့ ပရိတ်သတ်ထံ မရောက်ပြန်ဘူးလို့ ပြောရမယ့်သီချင်းတွေထဲပါနေတယ်။ ပြီးတော့ သီချင်းတွေဟာ မူလတီးပေး တဲ့သူနဲ့ဆိုဖြစ်ရင် ပိုပြီးအဆင်ချောတယ်လို့လဲ ခံစားရတတ်ပါတယ်။ မာအေးဆိုတဲ့အခါ အကိုချစ်ဆွေ တီးထား တဲ့သီချင်း ရေးထားတဲ့သီချင်းကို သူကိုယ်တိုင်တီးပေးရင် ပိုအသက်ဝင်တယ်လို့ ခံစားရတာမျိုးကို ပြောတာပါ။ အကို စန္ဒရားစိန်သောင်းက ဓါတ်ပြားလိုင်းပေါ့။ အကိုလှထွတ်ဆိုရင် သူ့သီချင်းတွေ- သူတီးခဲ့တဲ့ သီ ချင်းတွေနဲ့ ခေတ်ဟောင်းသီချင်းမှာပေါ့။ ဒယ်ဒီဂီတလုင်ကြီးကတော့ သရုပ်ပြနိုင်တဲ့ ရုပ်ရှင်သီချင်းမျိုးမှာပေါ့။ ဇွန်လပွဲက အကိုစိန်သောင်းပွဲပါ။ ဓါတ်ပြားသီချင်းရွေးထားတာ အံကျပါဘဲ။ စဗျစ်သီး … ဆိုတာ …ဒီသီ ချင်းလေးပါရှင်။

*(စဗျစ်သီးလေးတွေ ချိုပါတယ် …. မှ)

ဝေး … ကြပြီ … ဆိုကတည်းက …. အပျော်ဆိုတာလည်း မရှိပါဘူးလေ …. မျက်တောင်ဖျားပေါ်မှ အိပ်စက်ခြင်းပါ၊ ယူငင်သွားရက်သူရေ x x x သံယောဇဉ် ချည်နှောင်တင်းပါလို့ ဒီကအသည်း အနေကျဉ်း လှပြီလေ xxx စိတ်ဆင်းရဲခြင်းတွေ လက်ဆောင်နှင်းတဲ့အခြေ၊ တသက်တာခရီးစဉ်ဗွေ အက္ခရာကဗ္ဗည်းတင်ချွေ (သိမ်းဆည်းထားမယ်) ၂ x x ရှင်ရေ xx


BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts