>Choe Lin Pyar is now on the internet – flying

>

ချိုးလင်းပြာ အင်တာနက် လေဟာပြင်ထဲ ပျံဝဲပြီ
မိုးမခရွာဆော်ကြီး၊ ဧပြီ ၂၉၊ ၂၀၁၁
လက်ခံရရှိတဲ့ အီးမေးကတော့ သည်လိုပါ …
လေးစားရပါသော မိတ်ဆွေများရှင် …
မြန်မာ့အမျိုးသမီးသမဂ္ဂမှ ၂ လတစ်ကြိမ် ပုံမှန်ထုတ်ဝေခဲ့သော ချိုးလင်းပြာ အမျိုးသမီးစာစောင်၏ အွန်လိုင်းစာမျက်နှာကို ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အွန်လိုင်းစာမျက်နှာသို့ ဤလင့်ခ်- http://www.choelinpyar.com/ မှတဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ။
အွန်လိုင်းစာဖတ်ပရိသတ်များ၊ အင်တာနက်သုံးသော ပြည်တွင်း ပြည်ပ စာဖတ်ပရိသတ်များ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် အွန်လိုင်းစာမျက်နှာကို စီစဉ်ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ချိုးလင်းပြာအမျိုးသမီးစာစောင်ပါ အကြောင်းအရာများ အပေါ် ဝေဖန်အကြံပြုချက်များ၊ ဆွေးနွေးမှုများကိုလည်း ကြိုဆိုပါသည်။
အမျိုးသမီးရေးဆိုင်ရာ အကြောင်းအရာများကို အားကောင်းကောင်းနှင့် ပိုမိုတင်ဆက်နိုင်ရန်အတွက် မိတ်ဆွေများအနေဖြင့် စောင့်ကြည့်အကဲခတ် ဝေဖန်ပေးရန်နှင့် မြန်မာပြည်သူလူထုအား အသိပေး ဖြန့်ဝေအပ်သည့် အမျိုးသမီးရေးဆိုင်ရာ သတင်းအချက်လက်များ ရှိလျှင်လည်း မျှဝေဖလှယ်ပေးရန် မေတ္တာရပ်ခံပါသည်။ မိတ်ဆွေများအနေဖြင့် လက်လှမ်းမှီရာ စာဖတ်ပရိသတ်များသို့လည်း ချိုးလင်းပြာ အွန်လိုင်းစာမျက်နှာလင့်ခ်အား ထပ်ဆင့် ဖြန့်ဝေပေးစေချင်ပါသည်။
လေးစားလျှက်
ဇင်မာဖြိုး (ချိုးလင်းပြာအမျိုးသမီးစာစောင်- မြန်မာ့အမျိုးသမီးသမဂ္ဂ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts