>NLD urged USDP Government to follow justice, law & order

>

အင်န်အယ်ဒီပါတီက ကြံ့ဖွံ့အစိုးရသစ်ကို တရားဥပဒေစိုးမိုးရေး အတွက် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၃
ဧပြီ ၂၆၊ ၂၀၁၁
ယမန်နေ့ ဧပြီ ၂၅ နေ့စွဲနဲ့ အင်န်အယ်ဒီပါတီက ထုတ်ပြန်ရာမှာ ယခုအသစ်တက်လာတဲ့ အစိုးရသစ်ဟာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရန် တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
         ယခင် နအဖစစ်အစိုးရ လက်ထက်ကတည်းက လူအများကို ဖမ်းဆီးခြင်း၊ တရားစီရင်ခြင်းတို့ ပြုလုပ်ရာမှာ ပြဋ္ဌာန်းထားသော တရားဥပဒေနဲ့အညီ စီမံဆောင်ရွက်မှု မရှိခဲ့ကြောင်း၊ ယခုအချိန် အစိုးရအသစ်တက်လာတော့လည်း အစိုးရလုံခြုံရေးတပ်ဖွဲ့များက အင်းစိန်ထောင်အတွင်း တရားစီရင်ရာတွင် တရားဥပဒေလုပ်ထုံး လုပ်နည်းများကို လိုက်နာခြင်း မရှိသေးကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိသမ္မတကြီးက တရားဥပဒေစိုးမိုးမှုများ ရရှိစေရန် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းသည့်စာကို အများပြည်သူသိရှိစေရန် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
         မတ်လ ၃၀ ရက်နေ့ နောက်ပိုင်း စစ်အုပ်စုက ၎င်းတို့ရွေးချယ်ထားသော ကြံ့ဖွံ့အစိုးရကို အာဏာလွှဲလိုက်သည့်အချိန်က စပြီး မြန်မာပြည်၏ ဒီမိုကရေစီရေး လှုပ်ရှားမှု၏ ဦးဆောင် အတိုက်အခံပါတီ အင်န်အယ်ဒီက သမ္မတသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ကို တွေ့ဆုံဆွေးနွေး စကားပြောဆိုခြင်းအတွက် ရည်ရွာယ်သောအမူအရာများ စတင်ကမ်းလှမ်း ဖိတ်ခေါ်လာခြင်း ဖြစ်သည်ဟု နိုင်ငံရေးသုံးသပ်တို့က မှတ်ချက်ပေးသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts