>Kyi Naing’s Poem

>

နီဟွန်းဂျင်းတို့ သန္နိဋ္ဌာန်
တောပြဇာတ်မင်းသား ကြည်နိုင်
ဧပြီ ၂၄၊ ၂၀၁၁

– တခါတုန်းက အနုမြူမီးနဂါး၊ ၁၉၄၅ မှာ ဟီရိုရှီးမားကိုဝါးမြို၊ နဂါစကီကို ပြာချ၊ ငရဲက သြချ
– အဲ … ဒါပေမယ့် ဂျပန်ရဲ့နှလုံးသားကို၊ အနုမြူမီးအားက မဝါးမြိုနိုင်ခဲ့ဘူး
– ဂျပန်ဟာ ပြာပုံထဲက ရုန်းကြွ၊ မီးလျှံထဲက ထပျံ၊ ဂျပန်ငှက်တကောင်ဟန်
– ခုလည်း ဂျပန်ပြည်၊ ဆူနာတင်းပုတ်၊ ငလျှင်လှုပ်ခတ်၊ နုမြူဓာတ်တွေကြွလို့
သဘာဝဘေး – ဒုက္ခပေးပြန်ပြီ

– တကယ်ပါရည်စူး- ရှိဖူးတဲ့စဉ်အလာ၊ ဂျပန်ဟာ သာမညမဟုတ်၊
– ဂုဏ်ဒြပ်ထည်ဝါ၊ မြန်မာ့အရေး မနှေးဘဲကူညီ
ခေတ်မီတဲ့ တက္ကနော်လော်ဂျီတွေနဲ့၊
စက်မှုလယ်မြေ သိုက်မြိုက်စေရာ
ဂျီကာ (JICA) က ကူခဲ့ လှူခဲ့ကြ ဝေနေယျာ
– ဂျပန်တွေရဲ့ စေတနာ၊ နှလုံးသားရောင်ပြန်
တကျော့ပြန်ပေးလာတဲ့၊ သဘာဝဘေးဒဏ်ကို
ညီညွတ်ရေးအားမာန်နဲ့၊ နက်ဖြန်မှာ တည်ဆောက်
ကမ္ဘာကြီးရှေ့မှောက်မှာ
– ဂျပန်ဟာ သံမဏိ၊ အားရှိတဲ့ လူသား၊ အများက အားထားစရာ –
သံသယပွားစရာမရှိ၊ ယုံကြည်မှုအတိနဲ့
ကမ္ဘာသိ သန္နိဋ္ဌာန်ပါခင်ဗျား –

၂၀၁၁၊ မတ် ၁၁ ရက် ဂျပန်ငလျင် အမှတ်တရ

မှတ်ချက် –
(၁) နီဟွန်းဂျင်း = ဂျပန်လူမျိုး
(၂) JICA = Japanese International co-operative Agency


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts