>Thee Lay Thee Brothers celebrates Burmese New Year in Mae Sot

>

 မြန်မာနှစ်ကူး မဲဆောက်တွင် သီးညီနောင်နဲ့ မိတ်ဆွေများ ဆင်နွှဲ
မိုးမခအထောက်တော်၊ မဲဆောက်
ဧပြီ ၂၂၊ ၂၀၁၁
မြန်မာတို့နှစ်သစ်ကူး နှစ်ဆန်း (၂) ရက်နေ့က သီးလေးသီး – သီးညီနောင် မောင်နှမများနဲ့ အမေရိကန်ပြည်ထာင်စုက ရောက်လာတဲ့ မြန်မာဧည့်မိတ်ဆွေတို့ စုပေါင်း၍ မဲဆောက်မြို့ မင်းမဟော်ကျောင်းမှာ  အနုပညာဖျော်ဖြေပွဲ တရပ်ကျင်းပခဲ့ပါတယ်။

သင်္ကြန်သံချပ်၊ သင်္ကြန်အက၊ ကရင်ဒုံးယိမ်း ၊ အငြိမ့်သဘင်တို့နဲ့  စုံလင်စွာ တင်ဆက်ကပြခဲ့ပြီး အမေရိကန်ပြည်၊ ၀ါရှင်တန်ဒီစီက ကိုရင်ထွေး၊ မင်းသမီးချော တုတ်တုတ် တို့က သီးညီနောင်နဲ့အတူ ပါဝင်အာြး့ဖည့် ဆင်နွှဲကြပါတယ်။
နှစ်သစ်အကြို သင်္ကြန်ကာလတွင်းကလည်း ချင်းမိုင်မြန်မာမိသားစုများ၊ တိုင်းရင်သားများနဲ့ သီးလေးသီး – သီးညီနောင် အဖွဲ့သားများ ပူးပေါင်း၍ အတာသကြန်ပွဲတော် ဆင်နွှဲခဲ့ပြီး ပရိသတ်များ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts