>Mar Mar Aye New Year Wish

>

 (photo – Khin Maung Lay)
၂၀၁၁ ဧပြီ ၁၇၊ မြန်မာနှစ်သစ်ကူး – မာမာအေး ဆုတောင်း
မိုးမခ၊ ဧပြီ ၁၈၊ ၂၀၁၁
အတာကျူးတဲ့ မြန်မာနှစ်ဦးကို ရောက်ခဲ့ကြပြီလေ။ မာအေးတို့ ဇာတိမြေမှာ ဘယ်လိုတွေပါလိမ့်မလဲ။ ခွဲလာရတဲ့ အမျိုးကောင်း သားသမီးတွေမှာတော့ ကိုယ့်ဘိုးဘွားထားရစ်တဲ့ အမွေဟဲ့၊ ယဉ်ကျေးမှုတွေ မပျောက်စေနဲ့ ဟဲ့ နဲ့၊ တဖွဖွ မှန်းဆ၊ လမ်းပြ၊ လွမ်းနေကြတာ ဘယ်တော့မှ ဆုံးမှာ မဟုတ်ပါဘူးရှင်လို့ ဒီဖက်က မြန်မာပြည်သားတို့ ကိုယ်စား သတိရနေတာများ ကြားသိစေလိုက်ရပါတယ်။
မာအေးတို့ အင်ဒီယာနာ၊ ဖို့ဝိန်းမြို့မှာလည်း နှစ်သစ် သက်ကြီးပူဇော်ပွဲ ကျင်းပမယ်။ အိုဟိုင်းယိုးက မွန်မြန်မာပြည်သားများကလည်း သက်ကြီးပူဇော်ပွဲ ကျင်းပကြလိမ့်မယ်။ မာအေးတို့ အရွယ်က တဆိတ်တိုးလာတော့ “ကန်တော့ခံ” ထဲ ပါနေပြီ ရှင့်။
အခွင့်သင့်တုန်း ပြောပါဦးမယ်။ သူများနိုင်ငံမှာ ကိုယ်လိမ္မာမှ ကိုယ့်အမျိုးဆက်တွေ လိမ္မာမှာ၊ ဥပဒေကို လေးစားလိုက်နာရက် ဘာမှ မဖြစ်နိင်တဲ့ မစိုးရိမ်နေရာ တွေ့ကြမှာ၊ တမြေထဲနေ တရေထဲသောက် မောင်နှမတွေ ညီညွတ်ကြပါစေ၊ ပြည်တွင်းက ချစ်တဲ့သူတွေ စိတ်ရော ကိုယ်ပါ ဘေးရန်ကွာပါစေ။ လွတ်လပ်ငြိမ်းချမ်း မိုးဆမ်းပန်းဘ၀ ရောက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မာမာအေး (ဧပြီ ၁၇၊ ၂၀၁၁)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts