>Songs for Burma’s Anonymous Heros in Prisons

>

အညတြသူရဲကောင်းတွေကို ဂီတနဲ့ ဂုဏ်ပြုဖို့
အဆိုတော် လင်းလင်းနဲ့  မြန်မာတေးရေးပညာရှင်များရဲ့ တေးတွေ 
မိုးမခကစုစည်းတင်ဆက်လိုက်ပါတယ်
မိုးမခ၊ ဧပြီ ၁၆၊ ၂၀၁၁
၂၀၁၁ ဧပြီလရဲ့ မြန်မာနှစ်သစ်ကူး အခါသမယမှာ နိုင်ငံတကာက မြန်မာတွေ၊ ဂျပန်ပြည်က မြန်မာတွေက အကျဉ်းကျနေတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြု အမှတ်တရပြုကြချိန်အတွက် အထူးအစီအစဉ်အဖြစ် မိမိတို့ ပတ်ဝန်းကျင်တ၀ှမ်းကို မြန်မာ့ဒီမိုကရေစီရေး တေးတွေ ပက်ဖြန်းနိုင်ဖို့အတွက် ဒီမိုကရေစီရေး တေးသီချင်းတွေကို မိုးမခက ထပ်ဆင့် ဖြန့်ချိလိုက်ပါတယ်။
အဆိုတော်ကတော့ မြန်မာ့ဒီမိုကရေစီရေးတေးများ အစဉ်အမြဲ သီဆိုသူ လင်းလင်းနဲ့ တေးရေးတွေကတော့ မြန်မာတေးရေးပညာရှင်တွေ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ ယခင်က မြန်မာအရေးလှုပ်ရှားသူများ ထုတ်ဝေခဲ့ဖူးတဲ့ “ဒီပဲယင်းကျောက်စာ” တေးစီဒီ၊ “လှောင်ချိုင့်ထဲက တေး” သီချင်းစီဒီများကနေ ကောက်နုတ်ပါတယ်။ တေးတွေကို မျှဝေပေးတဲ့ အဆိုတော် လင်းလင်းရဲ့ လက်တွဲဖော် ကိုညိုကို မိုးမခက ကျေးဇူးတင်ပါတယ်။

၁)      လှောင်ချိုင့်ထဲကတေး   – နိုင်မြန်မာ
၂)      ၅ (ည) သံစဉ် (ခရီးသွားခြေလှမ်းများ)   – ကိုစိုင်း 
၃)      ဒီနံရံတွေကြား – ၅(ည) လူငယ်
၎)      ချယ်ရီ (ရနံမဲ့ခရီးရှည်) – ၀င်းမော်
၅)      ၀ိဉာဉ်နီ – ကိုညို
၆)      အလေးပြုပါတယ် နိုင်မြန်မာ
၇)      အနာဂတ်မဲ့သူများ – ကိုညို
၈)      ဒီပဲရင်းကျောက်စာ – ထိုက်သူနိုင်
၉)      လပြည့်ဝန်းကို မျော်သူများ  – ကိုညို        
၁၀)    လွမ်းမိပေမဲ့  – ကိုညို
၁၁)    လူတိုင်း လူ့အခွင့်အရေးရသင့်တယ် – နိုင်မြန်မာ
၁၂)    မနေ့က ရှစ်ဆယ့်ရှစ် – ကိုညို
၁၃)    ဆရာအိုရဲ့ တောက်ခေါက်သံ   – ကိုညို
၁၄)    သံသယ တံတိုင်း  
၁၅)    ဒီအချိန်ဆို – ကိုညို
၁၆)    အလံမလှဲ  – နိုင်မြန်မာ
၁၇)    အမုန်းမရှိ အသစ်ကမ္ဘာ – ကိုညို
၁၈)    အဖိုးပြောတဲ့ဖက်ဆစ်ပုံပြင် – ကိုညို
၁၉)    ဒီမိုကရေစီတောင်းကြ  – နိုင်မြန်မာ
၂၀)    ကြွေးကြော်သံတွေညံနေပြီ  – မောင်မောင်ဝမ်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts