>Phyu Nay Kyi Min Yu

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဖြူနေကြည်မင်းယုအတွက် ပြန်ပို့ ပေးကြပါ
လင်းနွေးအိမ်
ဧပြီ ၁၄၊ ၂၀၁၁


သတင်းစာကောက်ကိုင်လိုက်တိုင်း ထိုင်းမှိုင်းသွားတတ်တာ
ငါ့မှာ အပြစ်ရှိသလား
ငါရှာနေတဲ့ သတင်းအစား
အန္ဓတွေပဲ မိတ်ဆုံစား စကားလက်ဆုံကျနေလိုက်ပုံများ။

နေဝင်ချိန် တိမ်တောက်တာ၊ မနက်အာရုံ လင်းလက်တာ
ငှက်တွေတေးသီတာ၊ သစ်ရွက်ဖူးတွေစိမ်းစိုတာ
အချစ်ဦးတွေ ရင်ခုန်တာ
ဘာတခုမှ ကဗျာမထုဆစ်မိဘူး
ငါကိုက အမြင်မကြည်ဘူးပဲဆိုဆို
ကလေးတွေငိုနေတာပဲ တွေ့ တာကိုး။

သမီးလေးရေ
မွေးကင်းစကတည်းက
မိဘနဲ့ တသက်တာတွေ့ ခွင့်မရတော့ဘုးလို့ 
ပြစ်ဒဏ်ချမှတ်ခံရသလိုမျိုး။

ပြန်ပို့ ပေးလိုက်ကြပါ
သမီးလေး ဖြူနေကြည်မင်းယုအတွက်
တောင်ကြီးနဲ့ သရက်ထောင်က
ထောင်ဒဏ် ၆၅ နှစ်ခွဲစီကျနေတဲ့ သူ့ အဖေနဲ့ အမေကို။

( ၈၈ မျိုးဆက် ကိုဂျင်မီ (ခ) ကိုကျော်မင်းယုနဲ့ မနီလာသိန်းတို့ ရဲ့ ၂၀၁၁ ဧပြီလ ၁၂ ရက်နေ့ မှာ ၄ နှစ် ပြည့်သွားတဲ့ သမီးလေး ဖြူနေကြည်မင်းယု အတွက်)


လင်းနွေးအိမ်
(၂၀၁၁ ဧပြီလ ၁၃ ရက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts