>Friends of MoeMaKa raised fund for Political Prisoners Support & Democracy Struggle in April

>

မိုးမခမိတ်ဆွေများက ဧပြီလတွင် နိုင်ငံရေးအကျဉ်းသား ၅၀ ကူညီမှု ကျပ်ငွေ ၅ သိန်း ၄ သောင်းနဲ့ မြန်မာပြည်သားချင်း ဒီမိုကရေစီရေးကူညီမှု ဒေါ်လာ ၉ ၀၀ လှူဒါန်းနိုင်ခဲ့
မိုးမခ
ဧပြီ ၉ ၊ ၂၀၁၁
အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်မှု အစီအစဉ်ကို ၀ိုင်းဝန်းတဲ့အနေနဲ့ မိုးမခမိတ်ဆွေများက နိုင်ငံရေးအကျဉ်းသား ၅၀ ကို မိမိတတ်နိုင်သမျှ လစဉ်အားပေးမှု ဆောင်ရွက်လျက်ရှိပါတယ်။ တဦးပုဂ္ဂလအလှူရှင်နဲ့ စုပေါင်းအလှူရှင်များဖြင့် ကျပ်ငွေ ၅ သိန်း ၄ သောင်း ရည်စူး လှူဒါန်းနိုင်ခဲ့ကြောင်း အသိပေးအပ်ပါတယ်။
ထို့အတူပဲ မိုးမခမိတ်ဆွေများနဲ့ မိုးမခမီဒီယာရဲ့ ၂၀၀၇ ခုနှစ်ကတည်းက ဆောင်ရွက်နေတဲ့ မြန်မာပြည်သားချင်း ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေက မြန်မာပြည်တွင်းရှိ သက်ကြီးနိုင်ငံရေးသမား၊ သပိတ်မှောက်စာနယ်ဇင်းသမား၊ အကျဉ်းကျ နိုင်ငံရေးလှုပ်ရှားသူ၊ ၎င်းတို့ မိသားစုများနဲ့ အကျဉ်းကျသံဃာတော်အချို့အတွက် လက်လှမ်းမီသမျှ လစဉ်လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၉၀၀ ကို ဧပြီလတွင် ရည်စူးလှူဒါန်းနိုင်ခဲ့ကြောင်းကိုလည်း တဆက်တည်း တင်ပြလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။ မိုးမခမီဒီယာရဲ့ အလှူခံလက်ခံရရှိကြောင်း ပြေစာကို အီးမေး သို့မဟုတ် စာတိုက်ကနေ တဦးချင်းစီကို ပြန်ကြားပေးပါတယ်။
 (ဓာတ်ပုံ – ၂၀၀၉ ဇွန်လ ၁၉၊ ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်နေ့၊ အင်န်အယ်ဒီရုံးချူပ် အခမ်းအနားမှာ တွေ့ရတဲ့ မြန်မာကလေးငယ်တဦးရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ မိုးမခ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts