>Aung Way – Snake Bite Poem

>

မြွေပွေးကိုက်လို့မသေ၊ မြက်ရှောပတ်မှသေမယ့် မသာ
အောင်ဝေး
ဧပြီ ၈၊ ၂၀၁၁
ဧရာဝတီက
ရေငတ်နေပြီ။

လွတ်လပ်ရေးကျောက်တိုင်ကြီးက
ထောင်ကျနေတယ်။

တပေါင်းလ ခမျာ

အကြောင်းမလှရှာဘူး။

ရန်ကုန် … တဲ့

ပြန်မဆုံတာကြာပြီ။

နောက်ထပ် ရှစ် လေးလုံးဖြစ်ဖို့ 

အနှစ်(၁၀၀)ကြာမယ်။ (၈-၈-၂၀၈၈)

ရန်သူက
အချိန်နဲ့ ဒီရေကိုမစောင့်ဘူး။
ခင်ဗျားတို့
ကိုယ့်တပ်ကိုယ် ပြန်နင်းမှာလား
ကိုယ့်ဇာတ်ကိုယ် ပြန်သိမ်းမှာလား
အမြန်စဉ်းစား
ပြန်စဉ်းစား
ရထားထွက်တော့မယ် မိတ်ဆွေ။           ။
(ဧပြီ ၆-၂၀၁၁)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts