>CoBA extends Nomination Date to 15th April 2011

>

အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)
 အဆိုပြုလွှာ တင်သွင်းသည့်ရက် တိုးမြှင့်ကြောင်း ကြေညာခြင်း
 နေ့စွဲ – ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်
             ၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုလွှာများကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် လက်ခံနေသည့်ကာလအတွင်း မမျှော်လင့်သော အခက်အခဲအချို့  ကြုံခဲ့ရပါသည်။
            သို့ပါ၍ အဆိုပြုလွှာတင်သွင်းရမည့် နောက်ဆုံးရက်ကို ၂၀၁၁ ခုနှစ် ဧပြီလ ၁၅ ရက် (သောကြာနေ့) အထိ တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
            ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ မည်သူမဆို မြန်မာပြည်အတွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့အား အမည်စာရင်းများ တင်သွင်းနိုင်ပါသည်။
            ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားနှင့်ပတ်သက်သည့် အစီအစဉ်များကို ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။          ။
            ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
ဆက်သွယ်ရန်။       ။ ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
                          ကိုဂျေစင် (၀၁) ၅၁၀ ၄၀၂ ၇၇၇၉

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts